သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heavy စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Heavy စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ
Heavy စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ heavy hitter, heavy lifter နဲ့ heavy money တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက heavy hitter ဖြစ်ပါတယ်။ Heavy = လေးလံသော၊ အားပြင်းသော။ Hitter = ရိုက်တဲ့လူ တို့ဖြစ်ပါတယ်။ ဥပမာ ဘေ့စ်ဘော (baseball) ဘတ်တန် နဲ့ ရိုက်နှက်တာ၊ ယှဉ်ပြိုင်ဘက်ရဲ့ မေးကိုထိုးနှက်လိုက်တဲ့ လက်ဝှေ့သမား စသည်တို့ကို hitter လို့ ပြောနိုင်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရိုက်ချက်ပြင်းတဲ့လူ လို့ ပြန်ဆိုနိုင်ပါတယ်။ ဒီ အသုံးအနှုန်းက ဘေ့စ်ဘောကစားနည်းက ဆင်းသက်လာတာဖြစ်ပြီး ရိုက်ချက်ပြင်းတဲ့လူ၊ မျက်စိလျှင် ဖျက်လတ်တဲ့လူ၊ တနည်းဆို ကိုယ့်အသင်းအတွက် အမှတ်ရအောင် ကွင်းပတ်ပိုပြေးနိုင်တဲ့ အားထားရသူ ဖြစ်ပါတယ်။ နေ့စဉ်သုံးမှာတော့ အထူး အောင်မြင်မှု ရရှိတဲ့လူ၊ ကျွမ်းကျင်တဲ့လူ၊ ထွန်းထွန်းပေါက်ပေါက် ရှိတဲ့လူမျိုးကို ခေါ်ဆိုပါတယ်။

အရောင်းမန်နေဂျာတဦးကို ရှာဖွေနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးအကြောင်း George Crows ပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Bill, I want you to find somebody for this job. Who is a heavy hitter when it comes to selling. You know someone who has lots of experiences in managing salesman. Someone who can show us approval records of building up sale.

Bill ရေ အရောင်းလုပ်ငန်းမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်တဲ့ လူတဦးကို ကျနော်အနေနဲ့ ခင်များကို ရှာပေးစေချင်တယ်။ သိတယ်မဟုတ်လား အရောင်းစာရေးတွေကို ကွပ်ကဲကြီးကြပ်လုပ်ပေးနိုင်တဲ့လူ၊ အရောင်းကောင်းအောင် လုပ်ပေးနိုင်တဲ့ အတွေ့အကြုံရှိတယ်လို့ ပြနိုင်တဲ့လူမျိုးကို ရှာပေးပါ။

ဒုတိယတင်ပြပေးမယ် အသုံးအနှုန်းမှာ heavy lifter ဖြစ်ပါတယ်။ Heavy = လေးလံသော။ Lifter = မတဲ့လူ တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အလေးအပင်ကို မ(တင်)သူ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝှက်အဓိပ္ပါယက်ကတော့ ကြီးမားတဲ့ တာဝန်ကို ယူနိုင်သူ၊ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိသူဖြစ်ပါတယ်။ တနည်းအားဖြင့် အရည်အချင်းပြည့် အားကိုးအားထားနိုင်သူ။ မြန်မာစကားမှာတော့ လက်ရုံးတဆူ လို ဖြစ်ပါတယ်။

George Crows ပေးမယ့် ဥပမာမှာ ကုမ္မဏီတခုမှာ ပိုင်ရှင်ဖြစ်သူရဲ့ လက်ထောက်က ကုမ္မဏီအတွက် အများကြီးအားထားရတဲ့အကြောင်း အမှုထမ်းတဦးက နောက်အသစ်ရောက်လာတဲ့ အလုပ်သမားတဦးကို ရှင်းပြတာ ဖြစ်ပါတယ်။

Our big boss here is okay. But, a real heavy lifter around here is his special assistant Miss Hagen. She is quiet, but she works hard, knows what is going on, keeps the boss informed, and gives him ideas. We are lucky to have someone like her.

ကျနော်တို့ရဲ့ လုပ်ငန်းအကြီးအကဲကတော့ အလုပ်တွေအားလုံး အဆင်ချောပါတယ်။ ဒါပေမဲ့ အလုပ်တွေကို ခေါင်းခံတာဝန်ယူ လုပ်ကိုင်ပေးနေသူကတော့ သူရဲ့ လက်ထောက် Miss Hagen ပါ။ သူမက အလွန်အေးတယ်။ ဒါပေမဲ့ အလုပ်သိပ်လုပ်တယ်။ အလုပ်ခွင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သူအားလုံးသိတယ်။ ကုမ္မဏီပိုင်ရှင်ကိုလည်း သိသင့်သိထိုက်တာတွေကို အသိပေးတယ်။ အကြံဉာဏ်တွေလည်း ပေးတယ်။ သူလိုလူမျိုးရှိတာ ကျနော်တို့အတွက် အလွန်ကံကောင်းပါတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက heavy money ဖြစ်ပါတယ်။ Heavy = လေးလံသော။ Money = ပိုက်ဆံ၊ ငွေကြေး တို့ ဖြစ်ပါတယ်။ ငွေစက္ကူတွေ မပေါ်ခင်က အသပြာတွေကို ရွှေ၊ ငွေ၊ ကြေး စတဲ့ တခြားသတ္တုတွေနဲ့ အသုံးပြုခဲ့စဉ်က လက်တဆုပ်စာရှိတဲ့ ဒင်္ဂါပြားအိတ်ထဲမှာ လေးကျ၊ တွဲကျ နေတာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ငွေစက္ကူဆိုတော့ အဲဒီလောက် မလေးတော့ပါဘူး။ Heavy money အီဒီယံအသုံးက သန်းဂဏန်းနဲ့ ငွေပမာဏကို ဆိုလိုတာဖြစ်ပါတယ်။

George Crows ပေးမယ့် ဥပမာမှာ ရုန်းကန်နေရတဲ့ ကုမ္မဏီလေးတခုက စိတ်ပူပန်နေတဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေကနေ သူတို့ကုမ္မဏီလေးကို ဧရာမ ကုမ္မဏီကြီးတခုက ဝယ်ယူပြီး စီမံအုပ်ချုပ်မယ့်အကြောင်း ပြောဆိုခြင်း ဖြစ်ပါတယ်။

Well, there is at least one good thing about it. The office that buying us has heavy money behind them they bought us so they can use our ideas and our design talents. Now, we have money to develop our ideas and market them.

အနည်းဆုံး ကောင်းတာတခုတော့ ရှိပါတယ်။ ကျနော်တို့ ဝယ်ယူမယ့် ကုမ္မဏီက ငွေအင်အားတောင့်တင်းတယ်ဗျ။ သူတို့က ကျနော်တို့ကို ဝယ်တာကလည်း ကျနော်တို့ အတွေးအခေါ်တွေအတွက် ပုံစံရေးဆွဲတဲ့ ကျနော်တို့ ကျွမ်းကျင်မှုကို သုံးချင်လို့ပါ။ အခုဆိုရင် ကျနော်တို့ရဲ့ အတွေးအခေါ်တွေကို လက်တွေ့ အကောင်အထည်ဖော်ပြီး ဈေးကွက်ပေါ် တင်သွင်းနိုင်တော့မယ်။

XS
SM
MD
LG