သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dead စကားလုံး အီဒီယံအသုံးအနှုန်းများ


Dead စကားလုံး အီဒီယံအသုံးအနှုန်းများ

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက deadbeat ဖြစ်ပါတယ်။ ဒီနေရာမှာ deadbeat ဟာ နှစ်လုံးတွဲဝေါဟာရ ဖြစ်ပါတယ်။ ဒီအသုံးဟာ ၁၉ ရာစု အမေရိကန်ပြည်တွင်းစစ်တုန်းက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ၁၉ ရာစုတုန်းက beat ဆိုတဲ့ အဓိပ္ပါယ်က လိမ်လည်တာ၊ ညာတာ၊ ညစ်တာကို ဆိုလိုပါတယ်။ အမေရိကန်စစ်အတွင်းမှာ beat ဆိုတဲ့ တပ်တွင်း ဘန်းစကားအသုံးအနှုန်း က တာဝန်ဝတ္တရားကို မလေးစားမှု၊ တာဝန်ပေါ့လျော့မှု၊ အချောင်ခိုမှုကို ရည်ညွှန်းအသုံးပြုပါတယ်။ ထိုစဉ်က တပ်တွင်းမှာ deadbeat ဆိုရင် တပ်တွင်း အချောင်ခိုသူ ဖြစ်ပါတယ်။ နောက်ပိုင်း နေ့စဉ်ဘဝမှာတော့ အီဒီယံအဖြစ် deadbeat ကို အသုံးပြုရာမှာ ခလေးစရိတ် ပေးဖို့ပျက်ကွက်တဲ့ အဖေ ဆိုရင် deadbeat father, မယားစရိတ်ထောက်ပံ့ဖို့ ပျက်ကွက်ရင် deadbeat husband, အခွန်ဆောင်ဖို့ ပျက်ကွက်ရင် tax deadbeat ဟု အသုံးပြုကြပါတယ်။ လိုရင်အဓိပ္ပါယ်ကတော့ တာဝန်ပျက်ကွက်သူ၊ ပေးစရာရှိတာကို မပေးသူ - အထူးသဖြင့် ငွေချေးယူပြီး ပြန်မပေးသူကို deadbeat လို့ ရည်ညွှန်းပြောဆိုနိုင်သလို၊ ပျင်းရိသူ အချောင်ခိုသူကိုလည်း deadbeat လို့ သုံးစွဲနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is a deadbeat dad. He fails to give child support for his two children and is afraid he might get arrested by the police.

John ဟာ ခလေးစရိတ် ပေးဖို့ ပျက်ကွက်နေတဲ့ အဖေတဦး ဖြစ်တယ်။ သူ့ခလေး နှစ်ယောက်အတွက် ထောက်ပံ့ကြေး မပေးဘူးလေ။ ဒါကြောင့် သူကို ရဲဖမ်းမှာ ကြောက်နေတယ်။

Deadbeat ကို အထက်ဖော်ပြပါအတိုင်း နှစ်လုံးတွဲ ဝေါဟာရအနေနဲ့ မသုံးဘဲ dead beat လို့ သုံးရင် dead = သေဆုံးသည်။ beat = အားအင်ကုန်ခမ်းနေသည် ဖြစ်ပြီး လုံးကောက်အဓိပ္ပါယ်မှာ ခြေကုန်လက်ပမ်းကျနေပြီ၊ မောပန်းလွန်လို့ လှုပ်တောင်မလှုပ်နိုင်တော့ဘူး လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောက်ပါ။

Please put away my books for me, Mary. I am dead beat after working ten hours without a break.

Mary ရေ ကျနော့်ရဲ့  စာအုပ်တွေကို တစိတ်လောက် သိမ်းပေးပါလားခင်များ။ တချက်နားချိန်မယူပြီး (၁၀) နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရလို့ ကျနော်တော့ ခြေကုန်လက်ပမ်းကျနေပြီး လှုပ်တောင်မလှုပ်နိုင်တော့ဘူး။

ဒုတိယ တင်ပြပေးမယ့် အသုံးကတော့ dead wood ဖြစ်ပါတယ်။ Dead = ဆွေးမြေ့သည် (သာမန်အားဖြင့် သေဆုံးသည် ဖြစ်ပေမယ့် wood နဲ့ တွဲသုံးထားတာကြောင့် ဆွေးမြေ့သည် လို့ အဓိပ္ပါယ်ရပါတယ်)။ Wood = သစ်သား တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သစ်ဆွေး ဖြစ်ပါတယ်။ သစ်ဆွေးဆိုတဲ့အတိုင်း သုံးလို့ မရတဲ့သဘောဖြစ်တာကြောင့် dead wood ဆိုတာ လူကိုရည်ညွှန်းသုံးရာမှာ သုံးမရတဲ့လူစားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ခေတ်သစ်နည်းပညာတွေ တိုးတက်နေရင် ခေတ်နဲ့ညီ ရင်ဘောင်တန်း မလိုက်နိုင်ဘူး၊ ကွန်ပြူတာ မသုံးတက်ဘူး၊ အခုခေတ် ဆက်သွယ်ရေးနည်းပညာတွေ မသုံးတက်ဘူး။ သုံးနိုင်အောင်လည်း မလေ့လာဘူး၊ ဥာဏ်ရည်မမှီတော့ဘူး။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်လို့ ခေတ်နဲ့အညီ လုပ်ကိုင်မဆောင်ရွက်နိုင်သူတွေကို dead wood လို့ ပြောဆိုကြပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Tom, you are the leader of our team. Let me tell you frankly there is some dead woods on our team and you need to do something about it.

Tom ရေ ခင်များက ကျနော်တို့အဖွဲ့ရဲ့  ခေါင်းဆောင်ဖြစ်တယ်။ ကျနော် ရှင်းရှင်းပဲပြောမယ်ဗျာ ကျနော်တို့အဖွဲ့ထဲမှာ သုံးလို့မရတဲ့လူတွေ ရှိနေတယ်။ ဒီအတွက် ခင်များတခုခုလုပ်မှ ဖြစ်မယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးက dead meat ဖြစ်ပါတယ်။ Dead = သေဆုံးသည်, Meat = အသား တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ သေသူရဲ့  အသား ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ကျမတို့ မြန်မာစကားမှာလည်း ခပ်ဆင်ဆင်ရှိပါတယ်။ ဒီအသုံးက ခြိမ်းခြောက်တဲ့ အသုံးဖြစ်ပါတယ်။ ဥပမာ ငါပြောသလိုလုပ် မလုပ်ရင် သေဖို့သာပြင် လို့ ပြောဆိုတဲ့အခါမျိုးမှာ you are dead meat လို့ ပြောဆိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe, if you don’t do exactly as I say, you are dead meat! And, I mean what I say.

Joe ရေ မင်း ငါပြောတဲ့အတိုင်း တိတိကျကျ မလုပ်ဘူးဆိုရင်တော့ သေဖို့သာပြင်ပေတော့။ ငါ တကယ်ပြောနေတာလို့ မှတ်ပါ။

XS
SM
MD
LG