သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sale အီဒီယံစကားလုံး အသုံးအနှုန်းများ


Sale အီဒီယံစကားလုံး အသုံးအနှုန်းများ
Sale အီဒီယံစကားလုံး အသုံးအနှုန်းများ
ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ hand ကို အခြေခံတင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ early bird sale, door buster နဲ့ black Friday sale တို့ ဖြစ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အခုလို နှစ်ကုန်ကာလဟာ ပွဲတော်ရက်ကာလလို့ ဆိုရမှာပါ။ မကြာမီရောက်တော့မယ့် နိုဝင်ဘာလကုန်မှာ Thanksgiving ကျေးဇူးတော်နေ့ ရှိသလို ဒီဇင်ဘာ ခရစ်စမတ် Christmas နေ့နဲ့ ဇန်နဝါရီလမှာ နှစ်သစ်ကူးနေ့ စတဲ့ ပွဲတော်တွေဆက်တိုက် ရှိနေပါတယ်။ ဒီကာလဟာ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ဆင်နွှဲကြတဲ့ကာလလို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အခုလို ပွဲတော်ရက်မှာ အမေရိကန်နိုင်ငံသားအများစုတို့ အဓိကလုပ်ကြတာကတော့ လက်ဆောင်တွေဖလှယ်ကြဖို့ ဈေးဝယ်ထွက်ကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဈေးဝယ်ရရင် မမောနိုင်မပန်းနိုင် shop till your drop ဆိုတဲ့ ခြေကုန်လက်ပန်းကျတဲ့အထိ ဈေးဝယ်ကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လည်း ဈေးဆိုင်တွေဟာ အရောင်းသွက်ရလေအောင် သတင်းမီဒီယာတွေကတဆင့် အပြိုင်အဆိုင် ကြော်ငြာကြလေ့ ရှိပါတယ်။ ဒါကြောင့် အခုလို ပွဲတော်ရက်မှာ အထူးဈေးနှုန်းတွေနဲ့ လျှော့ရောင်းရာမှာ ဘယ်လို အီဒီယံအသုံးအနှုန်းတွေကို သုံးကြသလဲဆိုတာကို တင်ပြပေးပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ early bird sale ဖြစ်ပါတယ်။ Early = စောစော, Bird = ငှက်, Sale = အထူးဈေးနှုန်းနဲ့ရောင်းခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ early bird စောစောထတဲ့ ငှက်ကတော့ the early bird always gets a worm ဆိုတဲ့ အင်္ဂလိပ်စကားပုံမှ ယူထားတာဖြစ်ပါတယ်။ အဓိပါ္ပယ်ကတော့ တီကောင် ရှာစားတဲ့ ငှက်က မနက်စောစောထ ရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ တီကောင်အစာကို ရစမြဲလို့ ဆိုလိုပါတယ်။ တနည်းအားဖြင့် ဦးရာလူ လို့ သုံးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘယ်နေရာမဆို တန်းစီးပြီး စည်းကမ်းတကျ ဝယ်ယူရတာမို့ early bird sale က ဆိုင်ဖွင့်ဖွင့်ချင်း ပထမရောက်လာတဲ့ လူတွေက ဒေါ်လာတစ်ရာတန်တဲ့ ပစ္စည်းကို တဝက်ဈေး ဒေါ်လာ ငါးဆယ်နဲ့ လျှော့ပြီး ဆိုင်ဖွင့်စ နာရီပိုင်းမှာ ဈေးနှုန်းချိုချိုနဲ့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ဦးရာလူက ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် early bird sale ကို ဦးရာလူဝယ်ခွင့်ရရှိခြင်း လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။

ဒီလိုမျိုး ဦးရာလူ ဈေးလျှော့ရောင်းတဲ့အကြောင်း ရေဒီယိုကြေညာ George Grow တင်ပြပေးထားတာကို လေ့လာကြည့်ရအောင်ပါ။

Tomorrow, Saturday Save Save Save at the early bird sale at Men's furniture store. Everything is thirty percent off. Doors open at 6, and prices are good until 10 o'clock.

မနက်ဖြန် စနေနေ့မှာ ဦးရာလူ လျှော့ဈေးကို Man ပရိဘောဂဆိုင်မှာ ရောင်းမှာမို့ ဈေးနှုန်း အထူးသက်သာပါတယ်။ ပစ္စည်းအားလုံးကို သုံးဆယ် ရာခိုင်နှုန်း လျှော့ရောင်းသွားပါမယ်။ ဆိုင်တံခါးကို မနက် ခြောက်နာရီ စဖွင့်ပြီး ဆယ်နာရီအထိ ဒီလျှော့ဈေးနဲ့ ရောင်းချသွားမယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ door buster ဖြစ်ပါတယ်။ Door = တံခါး, Buster = ဖောက်ဝင်သည် ဖြစ်ပါတယ်။ အဓိပ္ပါယယ်ကတော့ အခုလိုမျိုး ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့ ရောင်းချတာကို ဆိုင်ဖွင့်ဖွင့်ခြင်း ပထမနာရီပိုင်းအတွင်း ရောင်းချတာကို ဆိုလိုပါတယ်။ ဈေးနှုန်းကအလွန်သက်သာတဲ့အတွက် ဝယ်သူတွေက သူထက်ငါ တံခါးကို ချိုးရိုက်ပြီး ဝင်တော့မယ့် ပုံစံမျိုးကို ရည်းညွှန်းထားတာ ဖြစ်ပါတယ်။

ကုန်တိုက်တတိုက်က ဒီအသုံးနဲ့ ပတ်သက်လို့ သတင်းစာထဲမှာ ကြော်ငြာထားတာကို ဖတ်လိုက်ရတဲ့ ခင်ပွန်းသည်တဦးက သူ့ဇနီးကို ပြန်ပြောဟန်အကြောင်း George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Hey, honey if we are going to that sale, let's go early. One of the door busters they have until 10 o'clock is video tape at 99 cent! And, I'd like to get at least a dozen.

ကဲ အချစ်ရေ အဲဒီ လျှော့ဈေးရောင်းတာကို စောစောသွားကြရအောင်။ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း ရောင်းမယ့် လျှော့ဈေးတွေထဲမှာတော့ ဗွီဒီယို အခွေတွေ တခွေကို ၉၉ ပြားနဲ့ ဆယ်နာရီထိ ရောင်းမှာမို့ ကိုယ်တော့ အနည်းဆုံး တဒါဇင်လောက် ဝယ်ထားချင်တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ black Friday sale ဖြစ်ပါတယ်။ Black = အမဲရောင်, Friday = သောကြာနေ့, Sale = အထူးလျှော့ဈေးနဲ့ရောင်းခြင်း တို့ ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ ကျရောက်တဲ့ နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့ဟာ နိုင်ငံတဝှမ်း အားလပ်ရက်ဖြစ်ပါတယ်။ အဲဒီ ကြာသပတေးနေ့ပြီး နောက်တရက် သောကြာနေ့မှာ ဈေးဝယ်သူတွေက ရုံးအားလပ်ရက် ကြာသပတေးနေ့နဲ့ဆက်ပြီး သောကြာနေ့ခွင့်ယူက စနေ၊ တနင်္ဂနွေနေ့ (၄) ရက် အနားယူလေ့ ရှိရာမှာ အဲဒီအားလပ်ချိန်အတွင်းမှာ ဈေးဝယ်သူတွေ အပြိုင်အဆိုင် ဈေးဝယ်ကြပါတယ်။ အထူးသဖြင့် လျှော့ဈေးတွေကလည်း အပြိုင်အဆိုင် လျှော့ကြလို့ ဖြစ်ပါတယ်။

Black Friday အသုံးအနှုန်းက စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင် အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမဲနဲ့ စာရင်းပိတ်ရပါတယ်။ ဒါကြောင့် Black Friday က အမြတ်တွေအများကြီးရတဲ့အတွက်ကြောင့် ရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမဲနဲ့ ပိတ်ရတာမှ ဆင်းသက်လာတာပါ။ တနည်းအားဖြင့် အရောင်းကောင်းတဲ့ သောကြာနေ့မှာ အမြတ်တွေရတဲ့နေ့လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဆိုတော့ Black Friday Sale က တနည်းအားဖြင့် ကျေးဇူးတော်နေ့ပြီး နောက်တရက် သောကြာနေ့မှာ အထူးလျှော့ဈေးနဲ့ ရောင်းတဲ့ဈေးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Grow ရှင်းပြထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Bargin shopppers headed to the nation's stores and malls before sunrise this Black Friday to get specials on everything from toys to wide screen TVs.

လျှော့ဈေးနဲ့ ပစ္စည်းတွေကို ဝယ်ကြဖို့ နိုင်ငံတဝှမ်းက ဈေးဆိုင်တွေ ကုန်တိုက်ကြီးတွေကို ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ လျှော့ဈေးရှာဝယ်သူတွေက နေမထွက်ခင်ကတည်းက ဆိုင်တွေကို တက်သုတ်ရိုက် ပြေးကြတော့တယ်။ ခလေးကစားစရာ အရုပ်လေးတွေက အစ မြင်ကွင်းကျယ် တီဗွီတွေ အဆုံး အထူးလျှော့ဈေးနဲ့ ဝယ်ကြအောင်ပါ။
XS
SM
MD
LG