သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Special sales စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း


Macy's aisles are crowded with shoppers on Black Friday - called that because the surge of shoppers could take retailers into profitability, Manhattan, New York.
Macy's aisles are crowded with shoppers on Black Friday - called that because the surge of shoppers could take retailers into profitability, Manhattan, New York.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အထူးလျှော့ဈေးရောင်းချမှု Special sales နှင့်ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေဖြစ်ကြတဲ့ Early bird sale, Doorbuster နဲ့ Black Friday sale တို့ကို တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ စတုတ္ထပတ်မှာ ကျရောက်တဲ့ကြာသာပတေးနေ့ Thanksgiving ကျေးဇူးတော်နေ့အပြီး ခရစ်စမတ်ပွဲနဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပကြတဲ့ ပွဲတော်ကာလမှာ အချင်းချင်း လက်ဆောင်တွေပေးကြဖို့ ဈေးဝယ်ထွက်ကြတာ ဖြစ်ပါတယ်။ Shop till you drop! ဆိုသလို ဈေးဝယ်ရရင် မမောနိုင်မပန်းနိုင် ခြေကုန်လက်ပန်းကျတဲ့အထိ ဈေးဝယ်ကြတာမို့လည်း ဈေးဆိုင်တွေကသူ့ထက်ငါ ဈေးလျှော့ရောင်းကြရာမှာ ၊ အထူးအထူးလျှော့ဈေးရောင်းချတယ်ဆိုတဲ့ အီဒီယံအသုံးအနှုန်းတွေနှင့်ကြော်ငြာကြလေ့ရှိရာမှာ အောက်ဖေါ်ပြပါ အသုံးအနှုန်းတွေကို အများဆုံးသုံးလေ့ရှိကြပါတယ်။

(၁) Early bird sale

Early (စောစော)၊ Bird (ငှက်)၊ Sale (အထူးဈေးနှုန်းနဲ့ ရောင်းခြင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စောစောထတဲ့ ငှက် အထူးဈေးနှုန်းနဲ့ ရောင်းချခြင်း ဖြစ်ပါတယ်။ ဒီအသုံးဟာ မနက်စောစောထ အစာရှာတဲ့ငှက်ဟာ တီကောင်ကို ရစမြဲလို့ အဓိပ္ပါယ်ရတဲ့ ၊ The early bird always gets the worm ဆိုတဲ့ အင်္ဂလိပ်စကားပုံမှာ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘယ်နေရာမဆို တန်းစီပြီး စည်းကမ်းတကျ ဝယ်ယူရတာမို့ Early bird sale ကတော့ ဆိုင်ဖွင့်ဖွင့်ချင်း နာရီကန့်သတ်ပြီး၊ သာမန်လျှော့ဈေးထက် ပိုလျှော့ရောင်းတဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ ရောင်းချတာကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က ဈေးနှုန်းချိုချိုနဲ့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ဦးရာလူ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။

ဥပမာ

Tomorrow, Saturday, big savings at the early bird sale at Mann’s furniture store! Everything is 30 % off!Doors open at 6 and prices are good until 10 o'clock!

မနက်ဖြန် စနေနေ့မှာ ဦးရာလူ လျှော့ဈေးကို Mann’sပရိဘောဂဆိုင်မှာ ရောင်းမှာမို့ ၊ အထူးပဲ ဈေးသက်သာကြမှာပါ၊ ပစ္စည်းအားလုံးကို (၃၀)% လျှော့ရောင်းသွားပါမယ်။ ဆိုင်တံခါးကို မနက် (၆) နာရီ စဖွင့်ပြီး (၁၀) နာရီအထိ ဒီလျှော့ဈေးနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

(၂) Doorbuster

Door (တံခါး)၊ buster (အတင်းဖောက်ဝင်တာ) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တံခါးကို အတင်းဖောက်ဝင်တာ ဖြစ်ပါတယ်။ ပွဲတော်ရက်ကာလမှာ ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့ ဈေးဆိုင်ဖွင့်ချိန် အစောပိုင်းမှာ အချိန်ကန်သတ်ပြီး ရောင်းလေ့ရှိတဲ့အတွက်၊ ဝယ်သူတွေက သူထက်ငါ အလုအယက် တံခါးကို ချိုးရိုက်ပြီး ဝင်ရလောက်အောင် သိပ်ကိုသက်သာတဲ့ဈေးနဲ့ ရောင်းချတာကို ရည်းညွှန်းထားတာ ဖြစ်ပါတယ်။

ဥပမာ

The doorbuster sales at the shopping center near us ends at 10 o’ clock ! The prices are so cheap , it’s unbelievable !

အိမ်နားက ကုန်တိုက်ကြီးမှာ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း အထူလျှော့ဈေးနဲ့ မနက် (၁၀) နာရီအထိ ရောင်းမယ်ဆိုတယ်။ ဈေး တွေကသိပ်ပေါလွန်းလို့မယုံနိုင်စရာပါ။

(၃) Black Friday sale

Black (အမည်းရောင်)၊ Friday (သောကြာနေ့)၊ Sale (အထူးလျှော့ဈေးနဲ့ ရောင်းခြင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အထူးလျှော့ဈေးနဲ့ ရောင်းပေးတဲ့ အမည်းရောင် သောကြာနေ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ ကျရောက်တဲ့ နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့ဟာ နိုင်ငံတဝှမ်း အားလပ်ရက် ဖြစ်ပါတယ်။ ကြာသပတေးနေ့အပြီး နောက်တရက် သောကြာနေ့မှာ ဈေးဝယ်သူတွေက ရုံးအားလပ်ရက်ဖြစ်တဲ့ ကြာသပတေးနဲ့ဆက်ပြီး သောကြာနေ့ ခွင့်ယူကာ စနေ၊ တနင်္ဂနွေနေ့ (၄) ရက် အနားယူရာမှာ အဲဒီအားလပ်ချိန်အတွင်းမှာ ဈေးဝယ်သူတွေ အပြိုင်အဆိုင် ဈေးဝယ်ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် လျှော့ဈေးတွေကလည်း အပြိုင်အဆိုင် လျှော့ကြလို့ ဖြစ်ပါတယ်။

Black Friday အသုံးဆင်းသက်လာတာက စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင်အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမည်းနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေကနေ ဖြစ်ပါတယ်။ကျေးဇူးတော်နေ့ ကျရောက်တဲ့ နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့အပြီး နောက်တရက် သောကြာနေ့မှာ အထူးလျှော့ဈေး တွေ နဲ့ရောင်းလို့အမြတ်တွေအများကြီးရတဲ့အတွက်ကြောင့် အရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမည်းနဲ့ ပိတ်ရတဲ့ဖြစ်ရပ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Black Friday Sale က တနည်းအားဖြင့် ကျေးဇူးတော်နေ့အပြီး နောက်တနေ့ သောကြာနေ့မှာ အထူးလျှော့ဈေးနဲ့ ရောင်းချတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ

Bargain shoppers headed to the shopping centers before sunrise in time for the Black Friday sales.

ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ အထူးလျှော့ဈေးနဲ့ရောင်းတာတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်ကြဖို့ ကုန်တိုက်ကြီးတွေကို နေမထွက်ခင်ကတည်းက လူတွေဦးတည်သွားခဲ့ကြတယ်။

ဒီတပတ် တင်ပြပေးခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Early bird sale, Doorbuster နဲ့ Black Friday sale တို့ကို တင်ပြထားပါတယ်။

XS
SM
MD
LG