သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lost စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Happy Family
Happy Family
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ပျောက်ဆုံးတယ် (lost) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ no love lost, get lost နဲ့ lost cause တို့ကို တင်ပြထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးက no love lost ဖြစ်ပါတယ်။ စာလုံးပေါင်း က No က မဟုတ် သဘောကိုပြတာ၊ Love က ချစ်ခြင်းမေတ္တာ၊ Lost က ဆုံးရှံးတာ၊ ပျောက်ဆုံးတာ လို့အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က
ပျက်စရာ၊ ဆုံးရှုံးစရာ မေတ္တာ မရှိဘူး ဖြစ်ပါတယ်။ နှစ်ဘက်ကြား ပျက်စရာ၊ ဆုံးရှုံးစရာ မေတ္တာမရှိဘူး ဆိုတဲ့သဘောဆိုတော့ အီဒီံယံ ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ရှင်းတယ်လို့ ဆိုရမှာပါ ။ နဂိုရ်ကတည်းက မေတ္တာမရှိကြဘူးဆိုတော့ ထပ်ပျက်စရာ မေတ္တာလည်းမရှိတဲ့ သဘောမျိုးမို့ No love lost အသုံးက တဘက်နှင့်တဘက်။ ကျမတို့ မြန်မာအဆိုအရ၊ မတည့်တဲ့သဘော၊ မေတ္တာမရှိတဲ့သဘော၊ ရန်သူတွေဖြစ်ကြတဲ့သဘောကို ဆိုလိုပါတယ်။

ဒီအသုံးနှင့်ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
There is no love lost between the two families. Although they are neighbors, they haven’t spoken to each other for years.

အဲဒီ မိသားစုနှစ်စုက မတည့်ကြဘူးလေ။ အိမ်နီးချင်းတွေ ဖြစ်ကြပေမဲ့ တဦးနှင့်တဦး စကားမပြောကြတာ နှစ်ပေါင်းများစွာရှိနေကြပြီ။
ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ get lost ဖြစ်ပါတယ်။ စာလုံးပေါင်း က get က တခုခုကို လုပ်ဖို့ခိုင်းတာ၊ Lost က နေရာမှာမရှိ ပျောက်ဆုံးအောင်လုပ်ပါလို့ လုံးကောက်အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပျောက်အောင်လုပ်ပါပေါ့။ ဒီအသုံးရဲ့idiom အဓိပ္ပါယ်က ကျမတို့မြန်မာမှာ ဒီနေရာကနေ ထွက်သွား။ တနည်းအားဖြင့် လာမနှောက်ယှက်နှင့် ဆိုပြီး လူတဦးကို နေရာကနေ နှင်ထုတ်ရာမှာလည်း ပြောဆိုနိုင်ပါတယ်။ အင်္ဂလိပ်လို ရှင်းရှင်းပြောရရင် go away နှင့် ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးဟာ ဘန်းစကားဆန်တဲ့အတွက် ကိုယ့်သက်တူရွယ်တူချင်း ပြောဖို့ဘဲသင့်တော်တယ် လို့လည်းသတိပေးပါရစေ။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I’m studying so get lost! Don’t come and disturb me!
ငါစာကျက်နေတယ် ဒါ့ကြောင့် တနေရာကို သွားနေစမ်းပါ။ လာပြီးမနှောင့်ယှက်နဲ့။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းက lost cause ဖြစ်ပါတယ်။ စာလုံးပေါင်း က Lost က ဆုံရှုံးတာ၊ Cause က အကျိုးအကြောင်းဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဆုံးရှုံးရတဲ့ အကျိုးအကြောင်းပေါ့။ Idiom ဆိုတဲ့ သွယ်ဝိုက် အဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုရမှာပါ။ ဘာမှ အကျိုးမရှိနိုင်တဲ့ ရုန်းကန်ကြိုးပမ်းမှ ဖြစ်ပါတယ်။ အချည်းနှီးဖြစ်တာ၊ သဲထဲရေသွန်ချတာ၊ အနစ်နာခံ စွန့်လွှတ်ရကျိုးမနပ်တဲ့ ကိစ္စမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Getting my brother to stop smoking is a lost cause! He will never give up that habit.
ကျနော့်ညီကို ဆေးလိပ်ဖြတ်ဖို့ ပြောရတာ အလကား၊ အချည်းနှီးပါဘဲဗျာ။ ဒီဆေးလိပ်သောက်တဲ့ အကျင့်ကို သူဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။
XS
SM
MD
LG