သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Christmas စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ခရစ်စမတ်ဆုတောင်းပွဲ (ဒီဇင်ဘာ ၂၀၁၄)
ခရစ်စမတ်ဆုတောင်းပွဲ (ဒီဇင်ဘာ ၂၀၁၄)
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms and Expressions ကဏ္ဍမှာ Christmas (ခရစ်စမတ်) ပွဲတော်ကို ကမ္ဘာတဝှမ်းကျင်းပနေချိန်ဖြစ်တဲ့အတိုင်း၊ Christmas ဝေါဟာရကို အခြေခံတဲ့ အီဒီယံအသုံးတွေဖြစ်တဲ့ Like Turkeys Voting for Early Christmas, Cancel Someone’s Christmas နဲ့ White Christmas တို့ကို တင်ပြထားပါတယ်။

(၁) Like Turkeys Voting for Early Christmas

Like (တူတာ)၊ turkeys (ကြက်ဆင်များ)၊ voting (မဲပေးတာ ၊ ထောက်ခံတာ)၊ for (အတွက်)၊ early (စောစော)၊ Christmas (ခရစ်စမတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကြက်ဆင်တွေက ခရစ်စမတ် စောစောကျရောက်ပါစေလို့ ဆုတောင်းနေကြတယ်၊ မဲပေးနေကြတယ်၊ ဆန္ဒပြုကြတယ်ဆိုတာပါဘဲ။ ကြက်ဆင်တွေကို Thanksgiving (ကျေးဇူးတော်နေ့) နဲ့ ခရစ်စမတ်မှာ အကောင်လိုက်ပေါင်းစားကြတာ၊ roast လုပ်စားကြတာတွေ ရှိလေတော့ ကြက်ဆင်တွေက ခရစ်စမတ်စောစောကျပါစေလို့ ဆုတောင်းသလို ဖြစ်နေတယ်ဆိုရင် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ဘဝဆုံးရှုံးရလေအောင် ကိုယ်တိုင်က မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းတာနဲ့ တူတယ်လို့ အဓိပ္ပါယ်ရပါတယ်။ တနည်းတော့ ကိုယ့်ဘဝ ပျက်စီးရာပျက်စီးကြောင်း ဦးတည်နေတဲ့ အခြေအနေကို ကိုယ်ကလက်ခံနေတာလည်း ဖြစ်ပါတယ်။ မြန်မာမှာတော့ ကိုယ့်ကြမ္မာဆိုး ကိုယ်ဖန်တီးတာ၊ ကိုယ့်သေတွင်း ကိုယ်တူးတာစသဖြင့်အသုံးတွေနှင့်နီးစပ်တယ်လို့ဆိုရမှာပါ။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you guys keep drinking and gambling, it will be like turkeys voting for early Christmas.
ကိုယ့်လူတို့ အရက်သောက်၊ လောင်းကစားတာ ဆက်ပြီးလုပ်နေကြမယ်ဆိုရင်တော့ ကိုယ့်ကြမ္မာဆိုး ကိုယ်ဖန်တီးကြနေတာနဲ့ တူလိမ့်မယ်။

(၂) Cancel Someone's Christmas

Cancel (ပယ်ဖျက်လိုက်တာ ၊ ဖျက်သိမ်းလိုက်တာ)၊ someone's (လူတဦးတယောက်ရဲ့)၊ Christmas (ခရစ်စမတ်ပွဲ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့ ခရစ်စမတ်ပွဲတော်ကို ဖျက်သိမ်းလိုက်တာပေါ့။ ကမ္ဘာတဝှမ်းမှာတနှစ်မှတခါသာကျရောက်တဲ့ ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲရာမှာ လူတဦးတယောက်ရဲ့ ခရစ်စမတ်ပွဲတော်ကို ဖျက်သိမ်းလိုက်တယ်ဆိုရင် အဲဒီလူရဲ့ ဘဝကို ချုပ်ငြိမ်းစေတဲ့ သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလူဘဝမှာ နောက်ထပ် ခရစ်စမတ်ပွဲတော်နဲ့ မကြုံရတော့ဘူးဆိုတော့၊ အဲဒီလူလည်း လူ့ပြည်မှာ မရှိတော့တဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒီလူ ဘဝပျက်အောင်လုပ်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I was scared because he said he is going to cancel my Christmas! He must be mad at me!
ကျနော်ကို သူက သတ်မယ်လို့ ပြောလာတော့ ကျနော်လည်း တကယ်ပဲ ကြောက်သွားတယ်။ ကျနော်ကို သူသိပ်ဒေါသထွက်နေပုံရတယ်။

(၃) White Christmas

White (အဖြူရောင်)၊ Christmas (ခရစ်စမတ်ပွဲတော်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခရစ်စမတ်အဖြူရောင်ဖြစ်ပါတယ်။ ခရစ်စမတ်ဖြစ်တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ဟာ အနောက်နိုင်ငံတွေမှာ ဆောင်းရာသီဖြစ်တဲ့အတိုင်း နှင်းကျလေ့ ရှိပါတယ်။ ခရစ်စမတ်နေ့မှာ နှင်းကျရင် ပတ်ဝန်းကျင်တခုလုံး ဖြူဖွေးနေတဲ့အတွက် အဲဒီနေ့ကို White Christmas လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် White Christmas ရဲ့ အီဒီယံအသုံးအနှုန်းက ခရစ်စမတ်နေ့မှာ နှင်းကျတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နှင်းတွေဖွေးနေတဲ့ ခရစ်စမတ်ပွဲတော်ဖြစ်ပါတယ်။ ဒီအသုံးနှင့်ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m hoping this year will be a white Christmas. My kids are looking forward to playing with the snow!
ဒီနှစ် ခရစ်စမတ်မှာ နှင်းကျပါစေလို့ ကျနော် ဆုတောင်းတယ်။ ကျနော့် ကလးတွေက နှင်းနဲ့ ဆော့ကစားချင်နေကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Christmas ကိုအခြေခံတဲ့ idiom အသုံးတွေက Like turkeys voting for early Christmas, Cancel someone’s Christmas နဲ့ White Christmas တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG