သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bull စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Spanish matador Miguel Angel Delgado is tackled by a bull during a bullfight in Seville, southern Spain.
Spanish matador Miguel Angel Delgado is tackled by a bull during a bullfight in Seville, southern Spain.

ဒီသီတင်းပတ် English American Idioms and Expressions ကဏ္ဍမှာ Bull (နွားသိုး) နဲ့ ပတ်သက်တဲ့ Hit the bull’s eye, Take the bull by the horns နဲ့ A bull in a china shop တို့ကို တင်ပြထားပါတယ်။

(၁) Hit the bull’s eye

Hit (ထိတာ)၊ the bull’s eye (နွားသိုးရဲ့ မျက်စိ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နွားသိုးရဲ့ မျက်စိကို တည့်တည့်ထိမှန်တာ ဖြစ်ပါတယ်။ တကယ်တော့ Bull’s eye ဆိုတဲ့ အဓိပ္ပါယ်က သေနတ်ပစ်၊ မျှားပစ်လေ့ကျင့်မယ်ဆိုရင် ပစ်မှတ်အလယ်မှာရှိတဲ့ အမည်းစက် ဗဟိုချက်ကိုလည်း ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် Hit the bull’s eye ရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ပြောလိုက်တာ၊ လုပ်လိုက်တာ ထိထိမိမိ ရှိတာ၊ အပိုင်တီးထည့်လိုက်တာမျိုး၊ တကယ့်ကို လိုရင်းရောက်အောင် လုပ်နိုင်တာ၊ ပြောနိုင်တာ၊ သိပ်ကိုမှန်နေတာ ၊

ဥပမာ ...

You hit the bull’s eye when you said corruption is the root of evil !

အဂတိလိုက်စားမှုဟာ မကောင်းမှုရဲ့ အခြေခံဖြစ်တယ်လို့ မင်းပြောတာ တကယ့်ကို ဒက်ထိ မှန်လိုက်လေခြင်း။

(၂) Take the bull by the horns

Take (ယူတာ)၊ the bull (နွားသိုး)၊ by (နှင့်)၊ the horns (ဦးချို) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နွားသိုးကို သူ့ရဲ့ ဦးချိုကနေ ကိုင်တွယ်လိုက်တာ ဖြစ်ပါတယ်။ နွားသိုးဆိုတာအားရှိတော့၊ ခွေ့လိုက်ရင် အန္တရာယ်ကြီးပြီးသက်သာမှာ မဟုတ်တဲ့အတွက် နွားသိုးကို သူ့ဦးချိုက ကိုင်မယ်ဆိုရင် အန္တရာယ်ရှိပေမယ့်၊ အနိုင်ဆုံးနေရာကနေ ကိုင်တွယ်ပြီး ထိန်းလိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ခက်တဲ့အခြေအနေတခုခုကို မြန်မာဘန်းစကားအရဆိုရင် ဂဃနဏ အပိုင်းကိုင်ပြီး၊ သတ္တိရှိရှိ၊ ပြတ်ပြတ်သားသား ဖြေရှင်းဖို့ ကြိုးစားတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ

My boss took the bull by the horns and warned the two workers either to stop quarreling or leave the room!

ကျနော်တို့ ဆရာသမားက ရန်ဖြစ်နေကြတဲ့ အမှုထမ်း နှစ်ဦးကို ရပ်ရင်ရပ် မရပ်ရင်တော့ အခန်းထဲက ထွက်သွားကြလို့ အပိုင်ပဲ အပြတ်ပြောလိုက်တယ်။

(၃) A bull in a china shop

A bull (နွားသိုး)၊ in (အထဲမှာ)၊ a china shop ကတော့ ဒီနေရာမှာ ကြွေပန်းကန်တွေ၊ ကြွေထည်ပစ္စည်းတွေ စသည်ဖြင့် ရောင်းတဲ့ဆိုင်ကို ဆိုလိုတာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကြွေထည်ရောင်းတဲ့ဆိုင်ထဲ ရောက်နေတဲ့ နွားသိုး ဖြစ်ပါတယ်။ ကြွေပန်းကန်၊ ကြွေအိုး၊ ကြွေခွက် စသဖြင်တို့ဟာ ကွဲလွယ်တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ ကြွေထည်၊ ကြွေပန်းကန်တွေ ရောင်းတဲ့ဆိုင်ထဲ နွားသိုးတကောင်ရောက်နေတယ်ဆိုရင် ဆိုင်ထဲမှာ ရှိရှိသမျှဟာ ကွဲဖို့ အန္တရာယ်ရှိတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မြန်မာဘန်းစကားအရ ရှင်းရှင်းပြောရရင်တော့ လုပ်လိုက်ရင် အရာနဲ့အကြောင်းကြောင်းကြောင့် ဆိုတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ သတိထားနေရမယ့်နေရာ၊ ကွဲလွယ်တဲ့ပစ္စည်းတွေ ရှိနေတဲ့ နေရာမှာ မနေတတ်၊ မထိုင်တတ်တော့ လုပ်လိုက်ရင် ကွဲတာ၊ ရှတာ၊ ကျိုးတာ၊ ပဲ့တာဖြစ်တာကို ဆိုလိုပါတယ်။ ဒါ့အပြင်လုပ်လိုက်ရင် အခြေအနေ ပိုဆိုးသွားတဲ့အခြေအနေမျိုးမှာလည်း၊ ဒီအီဒီယံကို ရည်ညွန်းသုံးနိုင်ပါတယ်။ နေ့စဉ်ဘဝမှာ တွေ့လေ့ရှိတဲ့ တချို့ လူတွေဖြစ်တဲ့ ဥပမာ သူ့ကိုတော့ ပေးမကိုင်လေနဲ့၊ သူကိုင်လိုက်ရင်ကွဲလိမ့်မယ်၊ လုပ်လိုက်ရင် သူ့လက်ချက်ပဲလို့ စသဖြင့် အပြောခံရတဲ့ လူမျိုးကိုလည်း ဒီ အီဒီယံနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။

ဥပမာ

John is like a bull in a china shop. His wife has to remind him to be careful all the time!

John က ဖြစ်လိုက်ရင်အရာရာနှင့် အကြောင်းကြောင်းပါဘဲ။ ဒါကြောင့်မို့ သတိထားနေဖို့ သူ့ဇနီးက သူ့ကို အမြဲသတိပေးနေရတယ်လေ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Bull စကားလုံးအခြေခံ idioms အသုံးအနှုန်းများမှာ Hit the bull’s eye, Take the bull by the horns နဲ့ A bull in a china shop တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG