သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cool စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Players fight for the bottle during the bottle-kicking game in Hallaton, central England, April 1, 2013.
Players fight for the bottle during the bottle-kicking game in Hallaton, central England, April 1, 2013.
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အေးသော (cool) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ a cool head, keep your cool, lose your cool နဲ့ cool your heels တို့ကို တင်ပြထားပါတယ်။

ပထမဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ a cool head ဖြစ်ပါတယ်။ A = တစ်ခု၊ Cool = အေးသော၊ Head = ဦးခေါင်း တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အေးသောဦးခေါင်းတစ်လုံး ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အရေးကြုံတဲ့အခါ စိတ်ထိန်းနိုင်သူ၊ ပြာယာမခတ်ဘဲ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်နိုင်သူကို ဆိုပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You have to keep a cool head in handling crisis if you want to be a leader.

ခေါင်းဆောင်လုပ်ချင်တယ်ဆိုရင်တော့ ခင်များအနေနဲ့ အရေးပေါ် အခြေအနေမှာ ခေါင်းအေးအေးထားပြီး စဉ်းစားကိုင်တွယ်နိုင်ရမယ်။

ဆက်လက်တင်ပြပေးမယ် အသုံးအနှုန်းမှာ keep your cool ဖြစ်ပါတယ်။ စာလုံးပေါင်းက keep = သိမ်းထားသည်၊ Your = သင့်၏၊ cool = အေးသော တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်၏စိတ်ကို အေးအေးထားပါ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်ကလည်း အလားတူတယ်လို့ ဆိုနိုင်ပါတယ်။ အခက်အခဲတွေ့တဲ့အခါမှာ စိတ်လှုပ်ရှားမှု သိပ်မပြဘဲ၊ စိတ်အေးအေး၊ စိတ်ငြိမ်ငြိမ်ထားတတ်ခြင်း၊ မျက်နှာပျက်ခြင်း မရှိဘဲ ဣန္ဒြေနဲ့ နေနိုင်တာ၊ ကိုယ့်စိတ်ကိုယ်ကိုယ်ထိန်းနိုင်တာ၊ ဘာမှမဖြစ်သလို နေနိုင်တာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When you go for a job interview, you have to keep your cool and do the best you can.

အလုပ်လျှောက်ထားလို့ တွေ့ဆုံမေးမြန်းခန်း (အင်တာဗျူး) သွားမယ်ဆိုရင်၊ စိတ်အေးအေးထားပြီး ကိုယ်အတတ်နိုင်ဆုံးတော့ ကြိုးစားဖို့လိုတယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ lose your cool ဖြစ်ပါတယ်။ စာလုံးပေါင်းက Lose - ဆုံးရှုံးသည်၊ Your = သင့်၏၊ Cool = စိတ်အေးသော တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်၏စိတ်အေးကို ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အထက်က တင်ပြခဲ့တဲ့ စိတ်ကိုအေးအေးထားပြီး ထိန်းနိုင်တယ်ဆိုတဲ့ keep your cool အီဒီယံနဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမယ့် lose your cool အသုံးအနှုန်းက ရုတ်တရက် ကိုယ့်ဒေါသစိတ်၊ ဝမ်းနည်းစိတ် စသည်တို့ကို မထိန်းနိုင်ခြင်း၊ စိတ်လွတ်သွားခြင်း၊ အော်ဟစ်ရိုက်နှက် ထိုးကြိတ်တာမျိုး၊ ငိုယိုမှု ဖြစ်ရခြင်းစတဲ့ အခြေအနေကို ဆိုလိုပါတယ်။ တိုတိုပြောရရင် ဟန်မဆောင်နိုင်တော့ခြင်း၊ စိတ်ကိုမထိန်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My neighbor’s dog barked all night! I couldn’t sleep at all. So, I lost my cool and banged at their door.

ကျနော့် အိမ်နီးနားချင်းရဲ့ ခွေး တညလုံး ဟောင်နေလိုက်တာဗျာ။ ကျနော်လည်း အိပ်လို့ကိုမရတော့၊ စိတ်ကို မထိန်းနိုင်တော့ဘဲ သူတို့အိမ်တံခါးကို သွားထုလိုက်တယ်။

နောက်ဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ cool your heels ဖြစ်ပါတယ်။ စာလုံးပေါင်းက Cool စကားလုံးက ဒီနေရာမှာ Verb (ကြိယာ) အဖြစ် အသုံးပြုထားပြီး အဓိပ္ပါယ်က အေးအောင်လုပ်သည်၊ Your = သင့်၏၊ Heels = ခြေဖနောင့် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခြေဖနောင့်တွေကို အေးအောင်လုပ်သည် ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်တိုနေသည်၊ ဒေါသထွက်နေသည်၊ ခြေလွန်လက်လွန် မဖြစ်စေဖို့၊ စိတ်ငြိမ်သွားအောင် တခုခုပြုလုပ်သည် တို့ကို ဆိုလိုပါတယ်။ ဥပမာ အခန်းထဲ ပေးမဝင်သေးဘဲ၊ အပြင်မှာ ခေတ္တစောင့်ထားခိုင်းတာမျိုးကို ဆိုလိုပါတယ်။ တိုတိုပြောရရင် စိတ်ပြေရလေအောင်ပေါ့။ ဒီအသုံးရဲ့ နောက်အဓိပ္ပါယ်တမျိုးကတော့ စောင့်ထားခိုင်းတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our flight was delayed for three hours. So, we had to cool our heels at the airport.

ကျနော်တို့ လေယာဉ်ပျံက (၃) နာရီ နောက်ကျလေတော့၊ ကျနော်တို့ လေဆိပ်မှာ ခြေညောင်းအောင် စောင့်နေခဲ့ရတယ်။
XS
SM
MD
LG