သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Cut a Deal, Backroom Deal, Sweetheart Deal နဲ့ No Big Deal အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

Cut a deal

Cut (ဖြတ်သည်) A (တခု) Deal (သဘောတူညီမှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သဘောတူညီမှုတခုကို ဖြတ်လိုက်သည် (ပုံဖေါ်လိုက်သည်) ဖြစ်ပါတယ်။ အီဒီယံအသုံးအရတော့ အထူးသဖြင့် စီးပွားရေး၊ နိုင်ငံရေးမှာ တဖက်နဲ့တဖက်၊ တဦးနဲ့တဦး နားလည်းမှု ရယူပြီး အပေးအယူတည့်သွားတဲ့သဘော ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The two political parties tried to cut a deal with the annual budget, but both sides refused to give in. So, we might face a government shutdown.

နိုင်ငံရေး ပါတီနှစ်ရပ်စလုံးက နှစ်စဉ်ဘတ်ဂျက်အသုံးစရိတ်နဲ့ ပတ်သက်လို့ အပေးအယူတည့်ဖို့ ကြိုးစားကြည့်ကြသေးတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက မလျှော့ကြတော့ အစိုးရလုပ်ငန်းတွေပိတ်ရမယ့် အခြေအနေဆိုက်နေတာပေါ့။

Backroom deal

Backroom (အနောက်ခန်း) Deal (သဘောတူညီမှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အနောက်ခန်းမှာ ရရှိတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အနောက်ခန်းဆိုကတည်းကိုက တိတ်တိတ်လျှို့ဝှက်လုပ်တာ၊ ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ လက်သိပ်ထိုးလုပ်တဲ့ သဘောတူညီမှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ကျတော့တမျိုး နောက်ကွယ်မှာတော့ တိုးတိုးတိတ်တိတ် အချင်းချင်းကြား အပေးအယူလုပ်တာကို backroom deal လို့ အီဒီယံအသုံးအရ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The foreign oil company gave the government officials a lot of money in the backroom deal they made earlier.

ဒီ နိုင်ငံခြားရေနံကုမ္မဏီက စောစောပိုင်းက ကြိတ်ပြီးလုပ်ခဲ့တဲ့ သဘောတူညီမှုမှာ အစိုးရအရာရှိတွေကို ငွေအတော်များများ ပေးခဲ့တယ်။

Sweetheart deal

Sweetheart (ချစ်သူရည်စား) Deal (သဘောတူညီမှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချစ်သူရည်စား သဘောတူညီမှု ဖြစ်ပြီး၊ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ sweetheart ဆိုတဲ့ ချစ်သူလို့ အဓိပ္ပါယ်ရတဲ့ ဝေါဟာရကို သုံးထားခြင်းအားဖြင့် ချစ်စရာကောင်းတဲ့၊ နှလုံးခိုက်စရာဖြစ်တဲ့၊ သွားရည်ကျစရာဖြစ်တဲ့ သဘောတူညီမှုမျိုးကို ဆိုလိုတာမို့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သတ်လို့ ငွေ ဒါမှမဟုတ် ရာထူးပေးတဲ့ ကမ်းလှမ်းချက်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အဆုံးအဖြတ်ပေးနိုင်တဲ့ ဒါမှမဟုတ် power (အာဏာ) ရှိတဲ့ လူတဦးဦးကို အဲဒီလို နှလုံးခိုက်စရာ၊ သွားရည်ကျစရာ၊ ငြင်းရက်စရာမရှိတဲ့ ကမ်းလှမ်းချက် ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကမ်းလှမ်းချက်မျိုးဟာ အများအားဖြင့် ဥပဒေနဲ့မညီ၊ ကျင့်ဝတ်နဲ့ မကိုက်ညီဘဲ လာဘ်ထိုးတာမျိုးလည်း ရောက်နိုင်တယ်လို့ ဖြည့်စွက်တင်ပြလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

A sweetheart deal has been made between our boss and the Mayor, who promised to give him all the city road-repaving contracts. In return, our boss will donate funds for the city projects.

ကျနော်တို့ဆရာနဲ့ မြို့တော်ဝန်ကြားမှာ နှစ်ဖက်အကျိုးသိပ်ရှိတဲ့ နှလုံးခိုက်စရာ သဘောတူညီမှု ရထားပြီ။ မြို့တွင်းလမ်းတွေပြင်တဲ့ ကန်ထရိုက်ပေးမယ်လို့ မြို့တော်ဝန်က ကတိပေးပြီး၊ အပြန်အလှန်အားဖြင့် ကျနော်တို့ဆရာက မြို့ရဲ့ စီမံကိန်းတွေအတွက် အလှူငွေထည့်မယ်လေ။

No big deal

No (မဟုတ်တာ) Big (ကြီးမားသော) Deal (ဒီနေရာမှာ အရေးကိစ္စလို့ အဓိပ္ပါယ်ယူပါ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အရေးကိစ္စ မကြီးဘူး သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီနေရာမှာ ဆင်တူတယ်လို့ ဆိုရမှာပါ။ ကိုယ့်အတွက် တခုခုက ရေးကြီးခွင်ကျယ်မဟုတ်ဘူး၊ မခက်ဘူး၊ ပြဿနာ မဟုတ်ဘူး၊ ကိစ္စသိပ်မများဘူးဆိုရင် no big deal လို့ ဆိုပြီး အီဒီယံအသုံးအရ ရည်ညွှန်းသုံးနိုင်ပါတယ်။ တခါတရံလည်း ဒီအသုံးနဲ့ ဆင်တူတဲ့ no problem ပြဿနာမဟုတ်ဘူးဆိုတဲ့ စကားစုကိုလည်း သုံးစွဲနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s no big deal to come and pick you up from your home this evening. It’s on the way.

ဒီညနေ ခင်ဗျားအိမ်မှာဝင်ကြိုပေးဘို့က ပြဿနာ မဟုတ်ပါဘူး။ လမ်းကြုံပါတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးတွေက Cut a Deal, Backroom Deal, Sweetheart Deal နဲ့ No Big Deal တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG