သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eye စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မျက်လုံး (eye) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ catch someone’s eye, see eye to eye, နဲ့ more than meets the eye တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးက catch someone’s eye ဖြစ်ပါတယ်။ Catch က ဖမ်းယူသည်၊ Someone’s က တစုံတဦးရဲ့၊ Eye က မျက်လုံး တို့ဖြစ်ကြပြီး လူတဦးတယောက်၏ မျက်စိကို ဖမ်းသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှဘူးလို့ ဆိုရမှာပါ။ လှလို့ ထူးခြားလို့၊ ဆွဲဆောင်မှုရှိလို့ လူတဦးတယောက်၏ အာရုံကို ဖမ်းစားနိုင်တာကို ဆိုလိုပါတယ်။ တနည်းတော့ လူတဦးတယောက် သတိထားမိစေတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary is looking very pretty with the red dress today. She caught John’s eye. Look! He is asking her out now.

Mary တယောက် ဝတ်စုံအနီနဲ့ သိပ်ကိုလှနေတော့ John က သူကို သတိထားမိတာပေါ့။ ကြည့်လေ သူနဲ့ အပြင်သွားဖို့ သူမကို ဖိတ်ခေါ်နေတယ်။

တဆက်တည်းမှာ catch someone’s eye စကားစုရှေ့မှာ To try ဆိုတဲ့ ကြိုးစားတယ်ဆိုတဲ့ အဓိပ္ပယ်ရှိတဲ့ စကားလုံးကိုတွဲပြီး to try to catch someone’s eye လို့ဆိုရင် လူတဦး သတိထားမိရလေအောင် ကိုယ့်ကိုယ်ကိုယ် မြင်ရလေအောင် နောက်တဦးက ကြိုးစားတာကို ဆိုလိုပါတယ်။ တခါတရံ လူငယ်လူရွယ်တွေအနေနဲ့ ပြုံးပြတာ၊ လက်ပြတာ၊ အိုက်တင်ခံပြတာမျိုးလုပ်ရင် လူတွေက ကိုယ့်ကိုယ် သတိထားမိကြတာမို့ ဒီနေရာမှာ to try to catch someone’s eye လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The young girl was trying to catch the eye of that handsome boy. She was winking at him.

အဲဒီ ကောင်မလေးက ဟိုလူငယ်ချောလေးကို သူကို သတိထားမိရလေအောင် ကြိုးစားနေတယ်။ သူက ကောင်လေးကို မျက်စပစ်ပြနေတယ်။

နောက်ထပ်တင်ပြပေးမယ့် အသုံးအနှုန်းမှာ see eye to eye ဖြစ်ပါတယ်။ See က မြင်သည်, Eye က မျက်စိ, To က သို့ နဲ့ Eye က မျက်စိ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်စိတလုံးနဲ့ တလုံးမြင်တာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အမြင်ချင်းတူတာ၊ သဘောတူတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John and I see eye to eye on the issue of gun control.
သေနတ်ထိန်းချုပ်ရေးကိစ္စနဲ့ ပတ်သက်လို့ John နဲ့ ကျနော်တို့ အမြင်ချင်း တူကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ more than meets the eye ဖြစ်ပါတယ်။ More than က ပိုမို၍၊ Meets က တွေ့သည်၊ the Eye က မျက်လုံး တို့ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်က မျက်စိတွေ့တာထက် ပိုတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကိုယ့်မျက်စိထက် မြင်ရတာထက် တခုခုက ပိုပြီးရှုပ်ထွေးနေပုံရတာ၊ ပိုပြီး စိတ်ဝင်စားစရာကောင်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ကိုယ်သိထားတာထက် ပိုပြီးတော့ အခြေအနေဟာ နက်နဲတာ၊ ရှုပ်ထွေးတာ၊ တခုခု ပိုတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My sister told me it was just a disagreement with her husband. But, I think there’s more to it than meets the eye.

ကျနော့်ညီမကတော့ သူ့ခင်ပွန်းနဲ့ ကတောက်ကစဖြစ်တာလို့ ပြောပေမယ့် ကျနော့်အထင်တော့ အခြေအနေက ဒီထက်တော့ ပိုလိမ့်မယ်။
XS
SM
MD
LG