သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Game စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ကစားနည်း လို့ အဓိပ္ပါယ်ရတဲ့ Game ဝေါဟာရကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ The game’s up, Two can play the game နဲ့ Play a waiting game တို့ကို တင်ပြထားပါတယ်။

(၁) The game’s up

The Game’s က Game is အရှည်ကောက်ဖြစ်ပြီး၊ Game (ကစားနည်း)၊ Is (ဖြစ်တာ)၊ Up (အပေါ်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကစားနည်းပေါ်သွားပြီ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ လူတဦးအနေနဲ့ တိတ်တိတ်ခိုလုပ်နေတာ ပေါ်သွားပြီမို့ ဆက်မလုပ်ဖို့ ပြောတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John, the game’s up! I’m going to tell your parents you’ve been skipping classes.
John ရေ မင်းလုပ်နေတာတွေကို ငါ ဖော်တော့မယ်။ မင်း အတန်းပြေးနေတာတွေကို မင်းမိဘတွေကို ငါ တိုင်လိုက်တော့မယ်။

(၂) Two can play the game

Two (နှစ်ယောက်)၊ Can play (ကစားနိုင်တာ)၊ the Game (ကစားနည်း) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကစားနည်းကို နှစ်ယောက် ကစားနိုင်တာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က နေ့စဉ်ဘဝမှာ မင်းလုပ်သလို ငါလည်း မင်းကို ပြန်လုပ်နိုင်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အနုတ်လက္ခဏာဆောင်တဲ့ အပြုအမှုမျိုးဖြစ်တယ်။ ညစ်တာတို့၊ မကောင်းကြံတာတို့၊ ဒုက္ခရောက်အောင် လုပ်တာတို့ စသဖြင့်နဲ့ ပတ်သက်တယ်လို့ ပြောရမှာပါ။ မင်းက ငါ့နားကိုက်ရင်၊ ငါကလည်း မင်းပါးပြန်ကိုက်မယ်ဆိုသလိုပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။


Two can play the game. If you get me in trouble, I can do the same, too.
မင်း လုပ်သလို ငါလည်း ပြန်လုပ်မှာပေါ့။ မင်း ငါကို ဒုက္ခရောက်အောင်လုပ်ရင် ငါလည်း မင်းကို ဒုက္ခရောက်အောင် ပြန်လုပ်မယ်။


(၃) Play a waiting game

Play (ကစားသည်)၊ A (တစ်ခုတစ်ကြိမ်)၊ Waiting (စောင့်နေတာ)၊ Game (ကစားနည်း) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စောင့်မယ် ကစားနည်းကို ကစားခြင်း ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ တစ်ခုခုကို လုပ်ဖို့ရှိပေမဲ့လို့ ဘယ်လို ဖြစ်လာမလဲဆိုတာကို သိရအောင် သူများတွေ အရင်လုပ်တာကို စောင့်ကြည့်ပြီး အခြေအနေတွေကို အကဲခတ်တာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some foreign investors are playing a waiting game when they think of doing businesses in Myanmar.
တချို့ နိုင်ငံခြားရင်းနှီးမြှုပ်နံှရှင်တွေက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စဉ်းစားကြတဲ့အခါ သူများတွေ အရင်လုပ်တာ ဘယ်လို ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်အကဲခတ် ကြည့်ကြတာဖြစ်တယ်။


ဒီသတင်းပတ် တင်ပြခဲ့တဲ့ Game ကိုအခြေခံတဲ့ Idiom အသုံးတွေက The game’s up, Two can play the game နဲ့ Play a waiting game တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG