သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - အသဲနှလုံး (Heart) လို့ အဓိပ္ပါယ်ရတဲ့ အီဒီယံအသုံးတွေဖြစ်တဲ့ Wear your heart on your sleeve, Half-hearted နဲ့ Take it to heart တို့ကို တင်ပြထားပါတယ်။

၁။ Wear your heart on your sleeve

Wear (ဝတ်တာ)၊ Your (သင့်ရဲ့ )၊ Heart (အသဲနှလုံး)၊ On (အပေါ်မှာ)၊ Sleeve (အင်္ကျီလက်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်အသဲနှလုံးကို ကိုယ့်အင်္ကျီလက်ပေါ်မှာ တပ်ထားတာ၊ ဝတ်ထားတာ ဖြစ်ပါတယ်။ အသဲနှလုံးဆိုတာကတော့ စိတ်ခံစားချက်ကို တင်စားပြောထားတာ ဖြစ်တဲ့အတွက် ကိုယ့်အသဲနှလုံးကို လူမြင်သူမြင် အင်္ကျီ လက်ပေါ်မှာတပ်ပြီး ဝတ်ထားတယ်ဆိုတဲ့ ဒီအီဒီယံအသုံးရဲ့  အဓိပ္ပါယ်ကတော့ ရှင်းတယ်လို့ ဆိုရမှာပါ။ ကိုယ့်ခံစားချက်က ဘယ်လိုရှိတယ်ဆိုတာ သူများသိအောင် ထုတ်မပြောဘဲ လူပုံပန်းသဏ္ဍာန် ကြည့်လိုက်တာနဲ့ သိနိုင်တာ၊ အကဲခတ်နိုင်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းလူတဦးတယောက်ရဲ့  ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် ဒီလူ့စိတ်ထဲ ဘယ်လိုရှိသလဲဆိုတာကို ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုဘဲ သိနိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

ဥပမာ
John wears his heart on his sleeve. All his friends know he is in love with Susan.
John အနေနှင့် စိတ်ထဲ ဘယ်လိုခံစားနေရတယ်ဆိုတာကို သူ့ကိုမြင်လိုက်တာနဲ့ သိနိုင်တယ်။ Susan ကို သူကြိုက်နေတယ်ဆိုတာ သူ့သူငယ်ချင်းအားလုံး သိကြတယ်။

၂။ Half-hearted

Half (တဝက်)၊ hearted (အသဲနှလုံး) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသဲနှလုံးတဝက် ဖြစ်ပါတယ်။ ဒီ half hearted စာလုံးပေါင်းဝေါဟာရ half နဲ့ hearted ကြား hyphen (တုံးတို သင်္ကေတ) ခံထားတာဖြစ်လို့ ဒီ Half-hearted အသုံးဟာ ဝေါဟာရနှစ်လုံးပေါင်းထားတဲ့ compound word ဖြစ်ပြီး adjective (နာမဝိသေသန) အဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်မပါ့တပါ လုပ်ချင်ချင်၊ မလုပ်ချင်ချင်နဲ့ လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဘန်းစကားအရတော့ အင်းမလုပ်အဲမလုပ် ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

ဥပမာ
He was half-hearted about applying for the job. So, it’s no surprise he didn’t get it.
သူက အဲဒီအလုပ်ကို လျှောက်ရာမှာ စိတ်မပါ့တပါ ဖြစ်နေတယ်။ ဒါကြောင့် အလုပ်ခန့်မခံရတာလည်း အံ့အားသင့်စရာ မဟုတ်ပါဘူး။

၃။ Take it to heart

Take (ယူတာ)၊ it (နာမ်စား)၊ to (နေရာကို ရည်ညွှန်းသည်)၊ heart (အသဲနှလုံး) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ တခုခု အသဲနှလုံးထဲကို ယူသွားတာ၊ သွင်းထားတာကိုဆိုလိုပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရှင်းဆုံး ကျမတို့ မြန်မာစကားနဲ့ ပြောရရင် နှလုံးသွင်းတာ ဖြစ်ပါတယ်။ တဦးတယောက်ရဲ့  လုပ်ဆောင်ချက်၊ ပြောဆိုချက်ကို လေးလေးနက်နက်ထားတာ၊ ဦးစားပေးတာ၊ နားလည်းလက်ခံတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

ဥပမာ
My son took it to heart when I told him he needs a college degree first , before thinking about marriage.

အိမ်ထောင်ပြုဖို့ မစဉ်းစားမှီ အရင်ဘွဲ့ရဖို့ လိုတယ်လို့ ကျနော် ပြောတာကို ကျနော့်သားက တကယ်ပဲ လေးလေးစားစားနဲ့ လက်ခံတာကို တွေ့ရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ အသဲနှလုံး (heart) ကို အခြေခံတဲ့ idiom အသုံးတွေက Wear your heart on your sleeve, Half-hearted နဲ့ Take it to heart တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG