ဒီသီတင်းပတ် English American-Style Idioms ကဏ္ဍမှာ Mind (စိတ်) နဲ့ ပတ်သက်တဲ့ Cross one’s mind, Blow one’s mind နဲ့ Give a piece of one’s mind တို့ကို တင်ပြထားပါတယ်။
(၁) Cross one’s mind
Cross (ဖြတ်တာ)၊ one’s (တဦးတယောက်ရဲ့ )၊ mind (စိတ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့  စိတ်ကို ဖြတ်သန်းတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်ထဲမှာ ရုတ်တရက် သွားစဉ်းစားမိတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It had never crossed John's mind that his parents planned to sell their house.
သူ့မိဘတွေက သူတို့နေတဲ့အိမ်ကို ရောင်းဖို့ ပြင်ဆင်နေတယ်ဆိုတာကို John အနေနဲ့ တခါမှ ထည့်မစဉ်းစားမိဘူးလေ။
(၂) Blow one’s mind
Blow (မှုတ်ပစ်လိုက်တာ၊ လွင့်ထွက်သွားအောင် လုပ်လိုက်တာ)၊ one’s (တဦးတယောက်ရဲ့ )၊ mind (စိတ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့ စိတ်ကို လွင့်ထွက်သွားအောင် လုပ်လိုက်တာပေါ့။ တခါတရံ ဒီအသုံးကို နာမ် (noun) အနေနဲ့ It’s mind blowing ဆိုပြီးတော့လည်း အသုံးပြုလို့ ရပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ လူတွေအတွက် သိပ်ကိုကောင်းလွန်းလို့ အံ့အားသင့် မယုံနိုင်စရာ ဖြစ်ရတာကို ဆိုလိုသလို။ တခါတရံလဲ ဆိုးလွန်းလှလို့ စဉ်းစားလိုတော့ မရတဲ့ အခြေအနေမျိုးကို တင်စားပြောနိုင်တာလဲ ဖြစ်ပါတယ်။ မယုံနိုင်စရာ၊ ဝမ်းသာစရာ အခြေအနေနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mary hit the million-dollar jackpot last week! It just blew my mind.
Mary က ဒီသတင်းပတ် ဒေါ်လာ တစ်သန်း ထီပေါက်သွားတယ်လေ။ ကျနော်အတွက်တော့ အံ့အားသင့်ပြီး၊ မယုံနိုင်စရာ ဖြစ်နေတယ်ဗျာ။
(၃) Give a piece of one’s mind
Give (ပေးတာ)၊ a piece (တစိတ်တပိုင်း) of (ရဲ့ )၊ one’s (တဦးတယောက်ရဲ့ )၊ mind (စိတ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့  စိတ်တစိတ်တပိုင်းကို ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က မကျေနပ်လို့၊ စိတ်ဆိုးလို့၊ ဒေါသထွက်လို့ ကိုယ့်စိတ်ထဲမှာ ရှိတာကို ပြောထည့်ပစ်လိုက်တာမျိုး၊ ရန်တွေ့ပစ်လိုက်တာမျိုး၊ ကြိမ်းမောင်းပစ်လိုက်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်မရှည်၊ သည်းမခံနိုင်တော့တဲ့ အခြေအနေမျိုးကြောင့် ရင်ထဲမှာ ရှိတာကို တဘက်သားကို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Joe keeps borrowing things from me. I am going to give him a piece of my mind!
Joe ကလေ ကျနော့်ဆီက ပစ္စည်းတွေ အမြဲပဲ လာလာပြီး ငှားသုံးနေတယ်။ ကျနော် မကျေနပ်တာကို သူကို ပြောထဲ့ပစ်လိုက်တော့မယ်ဗျာ။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Mind စကားလုံးအခြေခံ idioms အသုံးအနှုန်းများမှာ Cross one’s mind, Blow one’s mind နဲ့ Give a piece of one’s mind တို့ ဖြစ်ကြပါတယ်။