သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


Thailand Tropical Storm
Thailand Tropical Storm
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ A red flag, Hit a wall နဲ့ Front runner တို့ကို တင်ပြထား ပါတယ်။

(၁) A red flag

A (တခု)၊ red flag (အနီရောင်အလံ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အလံအနီရောင်တခု ဖြစ်ပါတယ်။ အလံနီကို အန္တရာယ်အချက်ပြတဲ့အနေနဲ့ အသုံးပြုခဲ့တာ ၁၆၀၀ ခုနှစ်များက စစ်သင်္ဘောတွေမှာ စစ်တိုက်ဖို့ ပြင်ဆင်ကြရင်သုံးသလို၊ မြစ်ရေကြီးလို့ သတိပေးရင်လဲ အလံနီကိုသုံးတာ ဖြစ်ပါတယ်။ ဒါ့အပြင် တောမီးလောင်တဲ့ဲ့ အန္တရာယ်ကို သတိပေးရမှာလဲ အလံနီကိုပဲ သုံးပါတယ်။ ဒါကြောင့် A red flag ရဲ့ သွယ်ဝိုက်အဓိပ္ပါယ်က နေ့စဉ်ဘဝမှာ အန္တရာယ်ရှိတဲ့အချက်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်း စိုးရိမ်စရာရှိလို့ ကြိုတင်သတိပေးတာလည်း ဖြစ်ပါတယ်။ ဒီအသုံးကို ဘဏ်ကနေချေးထားတဲ့ အရစ်ကျလစဉ်ဆပ်ရမယ့် ကားအကြွေးတွေကို (၃) လ တိုင်အောင် ပြန်မဆပ်နိုင်တဲ့ အခြေအနေရောက်နေတဲ့ အမေရိကန်နိုင်ငံသား အရေအတွက်ဟာ စံချိန်တင် (၇) သန်း ရှိတဲ့အတွက် ဒါဟာ စီးပွါးရေးရှိတဲ့အတွက် စိုးရိမ်စရာသတိပေးချက်ဆိုပြီး “ A record 7 million Americans are 3 months behind on their car payments , a red flag for the economy” ခေါင်းကြီးနဲ့The Washington Post သတင်းစာမှာရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

John’s anger over a minor issue definitely raised “a red flag” for me.

Johnကဘာမဟုတ်လေးနဲ့ဒေါသထွက်တာတွေ့ရတော့ကျနော့်အနေနဲ့တကယ့်ကိုသတိထားရမယ်ဆိုတာသိလာတယ်။

(၂) Hit a wall

Hit (ထိတာ၊ တိုက်တာ)၊ a wall (နံရံ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နံရံနဲ့ ထိမိတာ၊ နံရံနဲ့ တိုက်မိတာ ဖြစ်ပါတယ်။ ရှေ့မှာ နံရံရှိရင် ဆက်သွားဖို့ မလွယ်တဲ့ အခြေအနေမျိုးမို့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်မျိုးက တခုခုလုပ်ရာမှာ ဘယ်လိုမှာ ရှေ့ဆက်မတိုးနိုင်တဲ့ အခက်အခဲ၊ အဟန့်အတားနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအသုံးကို မက္ကဆီကို တံတိုင်း ဆောက်လုပ်ဖို့ ငွေရအောင် နောက်ဆုံးကြိုးပမ်းမှုအဖြစ် သမ္မတ Trump က နယ်စပ်လူဝင်မှုကြီးကြပ်ရေး အခြေအနေကို National Emergency အဖြစ် ကြေညာလိုက်ခဲ့လို့၊ ပြည်နယ် (၁၆) ခုက သူ့အပေါ် တရားစွဲဖို့ ပြင်လာကြအတွက်Trump အနေနဲ့ ရှေ့ဆက်သွားရဖို့ ဥပဒေဆိုတဲ့တံတိုင်းကြီးရဲ့ အဟန့်အတားကို ရင်ဆိုင်ရဖွယ်ရှိမလား ဆိုပြီး၊ Wall Street Journal သတင်းစာကြီးက “Trump’s national emergency declaration: Will it hit a legal wall?” ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

China’s plan to restart the Myitsone dam project in Myanmar has “hit a wall”.

မြန်မာနိုင်ငံမှာ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုဟာ ရှေ့မတိုးနိုင်ဘဲ အဟန့်အတားနဲ့ ကြုံနေရတယ်။

(၃) Front runner

Front (အရှေ့)၊ runner (ပြေးနေသူ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် က ရှေ့ကပြေးနေသူ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ရှင်းပါတယ်။ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ အခြေအနေအကောင်းဆုံးလူ၊ အလုပ်ခန့်ရာမှာလည်း အလုပ်ရဖို့ အလားအလာ အရှိဆုံးလူကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ “တစ်ပြေးနေသူ” လို့ဆိုရင် မမှားပါဘူး။ ဒီအသုံးကို ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒါဇင်ချီရှိတဲ့ အမည်စာရင်းတင်သွင်းကြတဲ့သူတွေထဲမှာ Vermont ပြည်နယ်က အထက်လွှတ်တော်အမတ် Bernie Sanders လဲပါဝင်လာခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲတုံးက Democrat ပါတီဘက်က ဝင်ယှဉ်ပြိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် ထိုစဉ် Hillary Clinton ကို ရှုံးနိမ့်ခဲ့တဲ့ အသက် (၇၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bernie Sanders ဟာ သာမန်လူတန်းစားတွေရဲ့ အကျိုးကို အလေးထားတဲ့အတွက်ကြောင့်လည်း သူ့ကို လူကြိုက်များပြီး၊ ဝင်ပြိုင်ဖို့သူကြေငြာခဲ့တဲ့ ၂၄ နာရီ အတွင်း ရံပုံငွေ ဒေါ်လာ ၆ သန်း ကောက်ခံရရှိခဲ့တဲ့အတွက် Bernie Sanders ဟာ ဒီမိုကရက်ပါတီ်ဘက်က ထိပ်ကပြေးနေတဲ့ သမ္မတကိုယ်စားလှယ်လောင်းဆိုပြီး Atlantic သတင်းစာကြီးက “Bernie Sanders is the democratic front runner” ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Mr. Brown, our party’s candidate is the front runner to win the Mayor’s race.

ကျနော်တို့ပါတီ ကိုယ်စားလှယ်လောင်း Mr. Brown ဟာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ တစ်ပြေးနေသူ ဖြစ်တယ်။

XS
SM
MD
LG