သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Thoughts အတွေးဆိုင်ရာ အီဒီယံအသုံးအနှုန်း


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အတွေး (thoughts) အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ to have second thought, food for thought, collect one’s thoughts, lost in thought နဲ့ a penny for your thoughts တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ to have second thought ဖြစ်ပါတယ်။ to Have = ရှိစေတာ, Second = ဒုတိယ၊ နောက်ထပ်, Thoughts = အတွေးများ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဒုတိယအတွေးများကို ဝင်လာစေတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာစကားအရဆိုရင်တော့ သေသေချာချာ ပြန်စဉ်းစားကြည့်ပြီးတဲ့နောက်ပိုင်းမှာ စိတ်ပြောင်းချင်တဲ့သဘော။ ပထမဆုံးဖြတ်ထားတာ၊ ပြောထားတဲ့အပေါ် သံသယဝင်လာတဲ့သဘောမျိုး။ မသေချာတော့တဲ့ သဘောမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The wedding is just a month away, but Mary is having second thoughts about getting married to John. So, we’ll have to wait and see.

မင်္ဂလာဆောင်ဖို့က တစ်လလောက်ပဲ လိုတော့တယ်။ ဒါပေမဲ့လို့ Mary က John နဲ့ လက်ထပ်ဖို့ စိတ်ပြောင်းချင်ပုံပေါ်တယ်။ ဒါကြောင့် ကျနော်တို့တတွေ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ food for thought ဖြစ်ပါတယ်။ Food = အစားအစာ, For = အတွက်, Thought = အတွေး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အတွေးအတွက် အစားအစာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ဆိုနိုင်ပါတယ်။ သစ်ပင်ကို ရေလောင်းရင် သစ်ပင်ရှင်သန်လာတယ်။ အစားစားရင် လူဟာ သာမန်ကြီးထွားလာတယ်။ ဒီလိုပါပဲ ဦးနှောက်အတွက် စဉ်းစားစရာဖြစ်စေရင် အတွေးအခေါ်အတွက် အစာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ food for thought ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လေးလေးနက်နက် စဉ်းစားစေတာ၊ အတွေးအခေါ်ကို ရင့်ကျက်စေတယ်ဆိုတဲ့ တွေးဖို့ခေါ်ဖို့၊ နဖူးပေါ်လက်တင် လေးလေးနက်နက် စဉ်းစားပေးဖို့ ဖန်တီးပေးဖို့ကိစ္စရပ်။ ဒါမှမဟုတ် အယူအဆ၊ ပြောဆိုချက် စသဖြင့်ကို food for thought အီဒီယံနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Your discussion on democracy has given me food for thought.

ဒီမိုကရေစီနဲ့ ပတ်သက်လို့ ခင်များ ဆွေးနွေးတင်ပြခဲ့တာတွေက ကျနော့်အတွက် တကယ်ပဲ လေးလေးနက်နက် စဉ်းစားစရာ ဖြစ်စေပါတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ collect one’s thoughts ဖြစ်ပါတယ်။ Collect = ပြန်သိမ်းသည်၊ စုဆောင်းသည်, One’s = တဦးတယောက်၏, Thoughts = အတွေးအခေါ်များ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ တဦးတယောက်၏ အတွေးအခေါ်များကို ပြန်စုစည်းတာ၊ ပြန်သိမ်းယူတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကိစ္စတခုခုအကြောင်းကိုပြန်ပြီး အချိန်ယူစဉ်းစားတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ပြန်ပြောင်းသုံးသပ် စဉ်းစားတဲ့သဘော ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was glad his work day was over. Back at home he can relax and collect his thoughts about the meeting he had with his boss.

John တယောက် သူ့တနေ့တာအလုပ်ပြီးသွားတာကို ပျော်နေခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ နားနားနေနေနဲ့ သူ့ ဆရာသမားနဲ့ ဒီနေ့ ဆွေးနွေးစည်းဝေးခဲ့တဲ့အကြောင်းကို ပြန်ပြောင်းသုံးသပ် စဉ်းစားနေခဲ့တယ်။

နောက်ထပ်တင်ပြပေးမယ့် အသုံးအနှုန်းမှာ lost in thought ဖြစ်ပါတယ်။ Lost = ဆုံးရှုံးသည်, In = အထဲမှာ, Thought = အတွေး တို့ဖြစ်ကြပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အတွေးထဲမှာ ဆုံးရှုံးနေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့မြန်မာစကားအရဆိုရင် အတွေးရေယဉ်ကြော နှစ်မျောနေတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I could not answer my friend’s question immediately as I was lost in thought.
ကျနော့်သူငယ်ချင်း မေးလိုက်တာကို ကျနော်ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။ ကျနော်က အတွေးရေယဉ်ကြောထဲမှာ နှစ်မျောနေခဲ့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ a penny for your thoughts ဖြစ်ပါတယ်။ A = တစ်ခု၊ တစ်ပြား, Penny = အင်္ဂလိပ်၊ အမေရိကန်တို့ သုံးစွဲတဲ့ ပဲပြားအကြွေးစေ့, For = အတွက်, Your = သင်၏, Thoughts = အတွေးများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်အတွေးအတွက် ပဲပြားတစ်ပြား ပေးမယ် ဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးက ၁၅၀၀ ခုနှစ်များခေတ်က ဗြိတိန်က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ထိုစဉ်က penny တစ်ပြားဟာ အတော်လေး တန်းဖိုးရှိတဲ့ခေတ် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ လူတဦးဦး စဉ်းစားနေတာ၊ ငြိမ်နေတာကို ဘာဖြစ်လို့ ငြိမ်နေတာလဲ၊ ဘာတွေ စဉ်းစားနေတာလဲ သိပါရစေလို့ မေးတဲ့အခါ a penny for your thoughts လို့ပြောပြီး ယဉ်ယဉ်ကျေးကျေး မေးတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You seem very quiet. A penny for your thoughts?

ခင်များကို ကြည့်ရတာ ငြိမ်နေတာပဲ။ ခင်များ ဘာတွေ စဉ်းစားနေသလဲ။
XS
SM
MD
LG