သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကသုံး အီဒီယံအသုံးအနှုန်းများ


Wild turkeys walk along a street in a residential neighborhood in Brookline, Mass., Sept. 27, 2017.
Wild turkeys walk along a street in a residential neighborhood in Brookline, Mass., Sept. 27, 2017.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Walk back, Soft spot နဲ့ Flip flop တို့ကို တင်ပြပေးထားပါတယ်။

(၁) Walk back

Walk (လမ်းလျှောက်တာ)၊ back (အနောက်ဘက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နောက်ပြန်လမ်းလျှောက်တာ၊ ဒါမှမဟုတ် နောက်ဆုတ်တဲ့ ခြေလှမ်း ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ရှင်းပါတယ်။ နောက်ကိုပြန်ဆုတ်လျှောက်ကတည်းကိုက တခုခုကိုလုပ်ပြီး၊ ပြောပြီး ပြန်ရုတ်သိမ်းတာ ဖြစ်ပါတယ်။ ဥပမာ ဒီလိုမျိုး အဓိပ္ပါယ်နဲ့ ပြောခဲ့တာ မဟုတ်ဘူး။ ဆိုလိုရင်းကဒီလိုဖြစ်ပါတယ်ဆိုပြီး ကိုယ့်စကားလွန်ထားတာကို ပြန်ဘွာခတ်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို Helsinki မှာ အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားက အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ခဲ့တယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးဌာနတွေက သုံးသပ်ထုတ်ပြန်တာကို သမ္မတ Trump က အဲဒီတုန်းက Putin ဘက်ကလိုက်ပြီး မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီးနောက် သူအမေရိကန်ကို ပြန်ရောက်တဲ့အခါမှာ သတင်းမီဒီယာနဲ့ လွှတ်တော်အမတ်တွေက ဝိုင်းပြီးပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အတွက် နောက်တနေ့မှာပဲ Trump က သူဆိုလိုတာကတော့ အဲဒီလိုမဟုတ်ဘူး။ စွက်ဖက်တာဖြစ်နိုင်ပါတယ်လို့ ပြောခဲ့တာဖြစ်ကြောင်း ပြန်ပြင်ပြောခဲ့တဲ့အတွက်ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း John Kerry က Trumpကပြောပြီးသား ပြန်ရုတ်သိမ်းတာကို သူ တစ်စက္ကန့်မှ မယုံဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောခဲ့တဲ့အတွက်ကြောင့် The Hill သတင်းစာမှာ “Kerry on Trump's Russia response: I don't buy his walk-back for one second” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The spokesperson walked back his comment about the peace deal.

ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ ပတ်သက်လို့ သူပြောခဲ့တဲ့ ကောက်ချက်ချပြောကြားမှုကို ပြောခွင့်ရက ပြန်ရုတ်သိမ်းလိုက်တယ်။

(၂) Soft spot

Soft (ပျော့တာ၊ နူးညံ့တာ)၊ spot (နေရာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နူးညံ့တဲ့၊ ပျော့တဲ့နေရာ၊ နးူညံ့တဲ့ပျော့တဲ့အကွက်တကွက် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က အသည်းတနေရာမှာ ရှိနေတဲ့ ကြင်နာမှု ဖြစ်ပါတယ်။ ပစ္စည်းတခု ဒါမှမဟုတ် လူတဦးဦးကို သဘောကျတယ်၊ စွဲမက်တယ်၊ ချစ်တယ်၊ ကြိုက်တယ်၊ နှစ်သက်တယ်၊ မျက်နှာသာပေးတယ်ဆိုတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးကို သမ္မတ Trump က မကြာသေးမီက သမ္မတ Putin နဲ့ တွေ့ဆုံစဉ်၊ သူ့ဘက်လိုက် ပြောခဲ့တဲ့အတွက်ကြောင့် New York သတင်းစာကြီးက “Why Trump has such a soft spot for Russia” ရုရှားကို Trump က ကြင်နာမှု ပြနေရတဲ့ အကြောင်းရင်း ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Grandma has a soft spot for her first granddaughter.

အဖွားက သူ့ရဲ့ ပထမဦးဆုံး မြေးမလေးကို အသဲစွဲဘဲ။

(၃) Flip flop

Flip (လှန်လိုက်တာ)၊ flop (လှန်လိုက်တဲ့ဟာက ပြန်ကျလာတာ) ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ ပြောရရင်တော့ ဟိုဘက်လှန်လိုက်၊ ဒီဘက်လှန်လိုက် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အခုတမျိုး နောက်တမျိုး ပြောတာမျိုး ဖြစ်ပါတယ်။ ဘန်းစကားအရတော့ ဗလောင်းဗလဲနိုင်တာမျိုးဖြစ်ပါတယ်။ဒီအသုံးကို သမ္မတ Trump က Helsinki မှာ ရုရှားသမ္မတ Vladimir Putin နဲ့ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေ မေးတုန်းက စွက်ဖက်တယ်လို့ သူမ ထင်တဲ့အကြောင်း ပြောခဲ့ပေမယ်လို့ ၊ဝါရှင်တန် ပြန်ရောက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံရတဲ့အခါမှာတော့ တကယ်ဆို သူပြောခဲ့တာ စွက်ဖက်တာ ဖြစ်တယ်။ အဲဒီတုံးက စကားလုံးမှားပြီး သုံးခဲ့မိတာလို့ ပြန်ပြင်ပြောခဲ့အတွက် The Financial Times သတင်းစာကြီးက

“Donald Trump flip-flops on Russian election meddling” ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ပတ်သက်လို့ Donald Trump က အခုတမျိုး နောက်တမျိုးပြောနေတယ်ဆိုပြီးတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Since the party’s candidate flip-flopped on a number of issues, the voters said they could not trust him.

ပါတီကိုယ်စားလှယ်လောင်းက ကိစ္စအတော်များများနဲ့ပတ်သက်လို့ ၊ အခုတမျိုး နောက်တမျိုး ပြောတဲ့အတွက် ၊ မဲဆန္ဒရှင်တွေက သူကိုယုံကြည်လို့ မရဘူးလို့ ပြောကြတယ်၊

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက Walk back, Soft spot နဲ့ Flip flop တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG