သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lay စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီသတင်းတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Laid-back, Laid to rest, နဲ့ Lay the card on the table အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

Laid-back

Laid -> Lay (လဲလောင်းသည် မှ ဆင်းသက်လာပြီး)၊ Laid (past tense) အတိတ်ကာလပြ ဝေါဟာရ၊ Back (အဓိပ္ပါယ်အမျိုးမျိုးရှိပြီး) နောက်ကျော၊ အနောက်၊ တဖန်တို့ ဖြစ်ကြပြီး ဒီစကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နောက်ကိုလှန်ချလိုက်သည့်သဘော ဖြစ်ပါတယ်။ အခုတင်ပြတဲ့ အီဒီယံဖြစ်တဲ့ laid-back က စကားလုံးနှစ်လုံးကြားမှာ (-) hyphen တုံးတို (သင်္ကေတ) ခံထားပြီး adjective နာမဝိသေသနအဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ခပ်အေးအေး၊ ခပ်လေးလေး၊ အပူအပင်သိပ်မရှိ၊ ခပ်ပျင်းပျင်း၊ အားတတ်သရော သိပ်မရှိ၊ တက်တက်ကြွကြွ သိပ်မရှိလှတဲ့သဘောမျိုးကို ဆိုလိုပါတယ်။

ဥပမာ

John is very laid-back. This worries his mother, who wants him to be ambitious.

John ဟာ တကယ်ကို တက်တက်ကြွကြွ မရှိဘဲ ခပ်ပျင်းပျင်း၊ ခပ်အေးအေး နေတတ်တဲ့လူ ဖြစ်တယ်။ ဒါကြောင့် သူ့အမေက စိတ်ပူတယ်။ သူ့အမေက သူ့သား ကြီးပွါးတိုးတတ်တာကို မြင်ချင်တယ်။

Laid-back ကို သာမန် အင်္ဂလိပ်စကားလုံးဖြစ်တဲ့ easy-going ဆိုတာနဲ့လည်း ဖလှယ်သုံးနှုန်းနိုင်တယ်လို့ ဗဟုသုတအဖြစ် တင်ပြပါရစေ။

Laid to rest

Laid (အစောက ရှင်းပြခဲ့တဲ့၊ lay ဝေါဟာရအသုံးအနှုန်းက ဆင်းသက်လာပြီး)၊ to rest (အနားယူသည် ဖြစ်ပြီး စကားစုတခုံလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အနားယူဖို့ လဲလောင်းစေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်က ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ Laid နဲ့ To Rest ကြားမှာ လူတဦးတယောက်လို့ အဓိပ္ပါယ်ရတဲ့ Someone ကို ကြားညှပ်သုံးပြီး laid someone to rest ဆိုတဲ့ အသုံးမှာတော့ ကျမတို့မြန်မာမှာ ကွယ်လွန်သူကို မြေချတာ၊ မြေမြုပ်သင်္ဂြိုလ်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ

Mary's mother died of age at 75. She was laid to rest at the church cemetary.

Mary ရဲ့ အမေဟာ အသက် ၇၅ နှစ်မှာ ကွယ်လွန်သွားခဲ့တယ်။ သူကို ခရစ်ယာန်ဘုရားကျောင်း သုဿန်မှာ မြေမြုပ်သင်္ဂြိုလ်ခဲ့တယ်။

Laid နဲ့ to rest ကြားမှာ စောစောက ရှင်းပြခဲ့တဲ့ someone အစား တခုခုလို့ အဓိပ္ပါယ်ရတဲ့ something ဆိုတဲ့ ဝေါဟာရကို အစားထိုးပြီး laid something to rest ဆိုရင်တော့ တခုခုကို အဖြေထွက်အောင် ရှာဖွေနိုင်တာ။ တခုခုကို အဆုံးသတ်စေတာ၊ အပြီးသတ်စေနိုင်တဲ့ သဘောကို ဖြစ်ပါတယ်။

ဥပမာ

The case was laid to rest as the accuse finally admitted his guilt.

အမှုက နောက်ဆုံး အဖြေမှန် ထွက်လာခဲ့တယ်။ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူက သူ့အပြစ်ကို နောက်ဆုံး ဝန်ခံခဲ့တယ်။

Lay your card on the table

Lay (အောက်ကိုချသည်)၊ Your (သင်၏)၊ Card (ဖဲချပ်များ)၊ On (အပေါ်) Table (စားပွဲ) တို့ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်မှာ ဖဲချပ်တွေကို စားပွဲပေါ်မှာ ချပြလိုက်သည် ဖြစ်ပါတယ်။ ဒီနေရာမှာ lay အစား put ထားသည် ဆိုတဲ့ ဝေါဟာရကို အစားထိုးပြီး put your card on the table လို့လည်း အသုံးပြုပြောဆိုနိုင်ပါတယ်။ ဖဲသမားတွေအနေနဲ့ ကိုယ့်ဖဲချပ်တွေကို ကိုယ့်နဲ့ကစားနေတဲ့ တခြားသူတွေ မသိအောင် ကိုင်ထားရတာကို သောတရှင်များ အသိဖြစ်ပါတယ်။ ကိုယ်ကိုင်ထားတဲ့ ဖဲချပ်တွေကို စားပွဲပေါ်မှာ လှန်ပြီးပြလိုက်တဲ့သဘောမျိုးဆိုရင် ဘာမှလျှိုဝှက်ထားပြခြင်း မရှိဘဲနဲ့ ပွင့်ပွင့်လင်းလင်း အရှိကိုအရှိအတိုင်း ပြောဆိုလိုက်တဲ့ သဘောမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့်မို့ ဒီ အီဒီယံအသုံးကလည်း ကိစ္စတခုခုနဲ့ ပတ်သက်ပြီးတော့ ကိုယ့်သဘောထားကို ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းပြတ်ပြတ်သားသား ဖွင့်ဟပြောဆိုတာကို ဆိုလိုပါတယ်။

ဥပမာ

Jones finally laid her card on the table and told her boyfriend she is in love with another man.

Jones က နောက်ဆုံးမှာ အမှန်ကို ပွင့်ပွင့်လင်းလင်းပဲ သူနဲ့ တွဲနေတဲ့ ရည်းစားကို ဖွင့်ဟပြောဆိုလိုက်တယ်။ သူ့အနေနဲ့ နောက်အမျိုးသားတဦးနဲ့ မေတ္တာရှိနေတယ်ဆိုတာကို။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးတွေက Laid-back, Laid to rest, နဲ့ Lay the card on the table တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG