ဒီတပတ် English American Style Idioms ကဏ္ဍမှာ အမေရိကန်ပြည်ထောင်စုမှာ မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ Florence Hurricane မုန်တိုငိး ကို တောင်နဲ့မြောက် Carolina ပြည်နယ်သားတွေ ဘယ်လို ရင်ဆိုင်ခဲ့ကြသလဲဆိုတာ သတင်းတွေမှာ ဖေါ်ပြရာမှာသုံးနှုန်းခဲ့တဲ့ Idiom အသုံးအနှုန်းများဖြစ်တဲ့ Hunker down, Stay put နဲ့ Ride out တို့ ကိုတင်ပြပေးထားပါတယ်။
(၁) Hunker down
Hunker က (ဒူးကွေးပြီး ပုဆစ်တုပ်ပြီး ထိုင်ချတာ) ၊ Down (အောက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အောက်ကိုပုဆစ်တုပ် ထိုင်ချလိုက်တာ ဖြစ်ပါတယ်။ Hunker က (၁၈) ရာစုက စကော့တလန်အသုံးဖြစ်တဲ့ Huka ဆိုတဲ့ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပြီး ဒူးကွေးပြီး အောက်ထိုင်ချတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့အခါမှာ အောက်ကို ပုဆစ်တုပ် ထိုင်ချပြီး ငြိမ်ငြိမ်လေး ပုန်းနေတတ်သလို၊ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က အန္တရာယ်ကင်းးတဲ့နေရာမှာ ခိုလုံတာ၊ ပုန်းအောင်းတာ။ ကိုယ်ရောက်နေတဲ့ နေရာကနေ မခွါဘဲ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် နေတာကို ဆိုလိုပါတယ်။ တခါတရံလဲ လူတဦးက ကိုယ့်ခံယူချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဆက်ပြီး မဆုတ်မနစ် ဆုပ်ကိုင်တာမျိုးကိုလည်း Hunker down ဆိုတဲ့ အသုံးနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးက မကြာသေးမီကက တောင်နဲ့မြောက် Carolina ပြည်နယ်တွေမှာ လူသေဆုံးမှုတွေရှိခဲ့ပြီး၊ အပျက်အစီး များခဲ့တဲ့ Florence မုန်တိုင်းမတိုက်မီက ကြိုပြီးဘေးကင်းရာရှောင်ကြဖို့ အာဏာပိုင်တွေကသတိပေးခဲ့ကြပေမဲ့ ၊ အဲဒီပြည်နယ်တွေမှာ သန်းနဲ့ချီ ရှိတဲ့ဒေသခံတွေက တခြားဘယ်မှမသွားဘဲ ကိုယ့်အိမ်မှာပဲ ကုပ်ကပ်နေပြီး ဘေးကင်းအောင် အတတ်နိုင်ဆုံးနေခဲ့ကြတဲ့အတွက် Star Adventure သတင်းစာကြီးက “Millions hunker down as Hurricane Florence wreaks havoc in Carolinas” ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
We “hunkered down” at home during the recent hurricane.
မကြာသေးမီက hurricane မုန်တိုင်း ကျခဲ့စဉ်က ကျနော်တို့တွေ အိမ်မှာဘဲ ဘေးကင်းအောင် နေခဲ့ကြတယ်။
(၂) Stay put
Stay (နေတာ)၊ put (ထားတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ထားတဲ့နေရာမှာ နေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က ကိုယ်ရောက်နေတဲ့နေရာ၊ ရှိနေတဲ့နေရာမှာပဲ နေပြီး၊ ဘယ်မှ ရွှေ့ မသွားတာ ဖြစ်ပါတယ်။ ဒီအသုံးကို Florence မုန်တိုင်း တိုက်ခိုက်ခဲ့စဉ်က မုန်တိုင်းလမ်းကြောင်းပေါ်ရှိ ပြည်သူတွေကို ဘေးကင်းရာ ခိုလှုံကြဖို့ ပြည်နယ်အာဏာပိုင်တွေက နှိုးဆော်ခဲ့ကြပေမယ့်လိုလဲ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ တချို့ လူတွေက တခြားပြည်နယ်တွေကို မသွားချင်ကြဘဲ၊ ကိုယ့်ပြည်နယ်မှာပဲ ဆက်နေပြီး မုန်တိုင်းကို ရင်ဆိုင်ကြဖို့ ပြင်ဆင်ကြတဲ့အတွက်ကြောင့် Today သတင်းစာကြီးက “In the south, some stay put to ride out hurricane Florence” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
I decided to “stay put” in Washington DC and not move to Florida.
ကျနော် Washington DC မှာပဲ နေဖို့ဆုံးဖြတ်တယ်။ Florida ပြည်နယ်ကို မပြောင်းတော့ဘူး။
(၃) Ride out
Ride (စီးတာ)၊ out (အပြင်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်က စီးပြီးအပြင်ထွက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အန္တရာယ်၊ အခက်အခဲ၊ ပြဿနာကို ရှောင်မသွားဘဲ၊ မဆုတ်မနစ် ရဲရဲရင်ဆိုင် ဖြတ်ကျော်တာကို ဆိုလိုပါတယ်။ ဥပမာ Storm မုန်တိုင်းဘေးကနေ ထွက်မပြေးဘဲ ရင်ဆိုင်မယ်ဆိုရင် Ride out the storm လို့ သုံးလို့ရပါတယ်။ ဒီအသုံးကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်အာဏာပိုင်တွေက အစမှာပြင်းအား ၃ ရှိမယ်လို့ ခန့်မှန်းတဲ့ အင်အားကြီိး Florence မုန်တိုင်း တိုက်မယ်လို့ သတိပေးချက်တွေ ထုတ်ထားပေမယ့် Mrytle beach ကမ်းခြေနေ လူတချို က ဘယ်မှမသွားဘဲ၊ ကိုယ်ရှိတဲ့နေရာမှာပဲ မုန်တိုင်းကို ရင်ဆိုင် ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက်ကြောင့် CNN သတင်းဌာနက “Some Mrytle beach residents planned to ride out the storm” ခေါင်းကြီးနဲ့ ရေးသားခဲ့ပါတယ်။
ဥပမာ
The mayor decided to “ride out” the corruption scandal.
မြို့ တော်ဝန်က အဂတိလိုက်စာမှု အရှု့ပ်တော်ပုံနဲ့ ပတ်သက်လို့ ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက Hunker down, Stay put နဲ့ Ride out တို့ ဖြစ်ကြပါတယ်။