သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ပေါင်းငါးထောင်ကျော်က ကိုယ်တိုင်းနဲ့ ချုပ်တဲ့ အင်္ကျီ


နှစ်ပေါင်းငါးထောင်ကျော်က ကိုယ်တိုင်းနဲ့ ချုပ်တဲ့ အင်္ကျီ အီဂျစ်မှာတွေ့။
နှစ်ပေါင်းငါးထောင်ကျော်က ကိုယ်တိုင်းနဲ့ ချုပ်တဲ့ အင်္ကျီ အီဂျစ်မှာတွေ့။

ထပ်တွန့်တွေပါတဲ့ ချည်ထည်အင်္ကျီတစကိုရှေးဟောင်းသုတေသီတွေက ၁၉၁၃ ခုနှစ်က တွေ့ခဲ့ပါတယ်။ ကိုင်ရိုနဲ့ ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ အဖောက်ခံ ထားရတဲ့ ရှေးဟောင်း အီဂျစ်ဂူင်္သချိုင်းတခုထဲက အစုလိုက်အပြုံလိုက် စွန့်ပစ်ထားတဲ့ အစတွေကြားမှာ ဒီအထည်စကိုတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကတဆင့် လန်ဒန်မှာရှိတဲ့ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြခန်းမှာ ဒီအတိုင်း ထားခဲ့ပြီး ၁၉၇၇ ခုနှစ်ကျမှ သုတေသီတွေက ရှင်းလင်းရင်း ဒီအဝတ်အကြောင်း သိရှိလာတာဖြစ်ပါတယ်။ ဒီအဝတ်ဟာ လည်ပင်းနဲ့လက်ပဲ ကျန်နေတဲ့ အင်္ကျီအပိုင်းအစဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဖက်ရှင်ကတော့ နှစ်ပေါင်းကြာမြင့်လှပြီဖြစ်ပြီး တွေ့ခဲ့သမျှ လူကိုယ်နဲ့တိုင်းပြီး ညှပ်ချုပ်ထားတဲ့ နမူနာထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီပြတိုက် တာဝန်ရှိသူဖြစ်တဲ့ ရိုဇာလင်းဟောလ်က ဒီအင်္ကျီဟာ သက်ရှိထင်ရှားရှိစဉ်က အမှန်တကယ် ဝတ်ဆင်ခဲ့တဲ့ အင်္ကျီဖြစ်တယ်လို့ ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ချုပ်ရိုးက အပြင်ရောက်နေပြီး ခေါင်းပေါ်က ဆွဲချွတ်ထားခဲ့တာဖြစ်ကြောင်း နဲ့ တံတောင်ဆစ်နဲ့ ဂျိုင်းနေရာတွေမှာ ပြဲနေတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအင်္ကျီဟာ ရှေးအကျဆုံး လို့ ပြောနိုင်တာကတော့ အခု ရက်သတ္တပတ်အတွင်းမှာမှ ရေဒီယို ကာဗွန်နည်းနဲ့ စစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့သော နှစ်ပေါင်း ၅ ထောင်နဲ့ ၅၄၀၀ အကြား ခေတ်က ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒီသုတေသန ကို ဖေဖော်ဝါရီလထုတ် ရှေးဟောင်း သုတေသန ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အရင်တုန်းက တွေ့ထားတဲ့ ရှေးအကျဆုံးအဝတ်က လွန်ခဲ့တဲ့ နှစ် ၁ ထောင်က အဝတ်အထည်ဖြစ်ပါတယ်။

XS
SM
MD
LG