သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်စစ်ပြေး ဒုက္ခသည် ၉သောင်းကျော်ခန့်မှန်း


بخشی از حیاط مقر سازمان ملل متحد 
بخشی از حیاط مقر سازمان ملل متحد 

ကိုးကန့်ဒေသ လောက်ကိုင်မြို့တဝိုက် တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေ စစ်ပြေးဒုက္ခသည်အဖြစ် မြန်မာပြည်တွင်းနဲ့ တရုတ်နယ်စပ် ဖက်ကို ထွက်ပြေးနေကြရာမှာ အခုဆိုရင် ဒုက္ခသည် စုစုပေါင်း ၉သောင်းလောက် ရှိသွားပြီးလို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ကစပြီး လောက်ကိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေကြောင့် လားရှိုး ကွမ်လုံ ချင်းရွှေဟော် မန္တလေး စတဲ့ မြန်မာပြည်တွင်း ဒေသတချို့နဲ့ နယ်စပ်တလျှောက် တရုတ်ပြည်ဖက်ခြမ်း အထိ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် စုစုပေါင်း ၉ သောင်းလောက် ရှိသွားပြီလို့ ပြည်ခိုင်ဖြိုးပါတီ ရဲ့ လောက်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က VOA ကို ပြောပါတယ်။

"လားရှိုးရော၊ မန္တလေးရော ကွမ်လုံရော ချင်းရွှေဟော်ရော နယ်စပ်တကြောလုံး ၊ ကျနော်တို့ နယ်ခြားမှတ်တိုင်တွေလေ၊ 127၊ 137၊ 125 လေးသောင်းကျော်၊ ငါးသောင်းတောင် ကျော်သွားပြီထင်တယ်။ ဒီနေ့ အခြေအနေဆိုရင် လောက်ကိုင်ရဲ့ အနီးတဝိုက်မှာ ရှိတဲ့ ရွာတွေ အကုန်လုံး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တဒေသလုံးလိုလို ဟိုးအပေါ်မှာဆို -အကုန်လုံးဆို ကိုးသောင်းကျော်ပြီထင်တယ်။ "

ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )
ကိုးကန့်တပ်ဖွဲ့ MNDAA သတင်းဓာတ်ပုံ- Credit to ( Lachid Kachin )

လောက်ကိုင်မြောက်ဖက်ခြမ်း တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသက ပြည်သူတွေ လားရှိုးမြို့ကို ဒီကနေ့ ထပ်မံရောက်ရှိလာတယ်လို့ မြို့ခံတဦး ပြောပါတယ်။

" လားရှိုးဘက်ကို ဒီနေ့ ဆယ်နာရီလောက်မှာ ဒုက္ခသည်တွေ ဒိုင်နာကားနဲ့ ငါး၊ ခြောက်စီးလောက်ရှိတယ်။ လားရှိုးဟိုးဘက်က ဝင်လာတာပေါ့ဗျာ။ လားရှိုးဘက်က အေးဆေးပါ ဘာမှ မဖြစ်ဘူး။ ကွမ်လုံဘက်၊ ချင်းရွှေဟော်ဘက် အဲ့ဘက်တွေတောင် ဒီနေ့တောင် သွားသွားလာလာ လုပ်နေကြပြီလို့ပြောတယ်။"

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နမ့်ဆမ်မှာ ဒုက္ခသည်စခန်းတခု ဖွင့်ထားပေမယ့် လူ ၃၀၀၀ ကျော်လောက်သာ ဆန့်လို့ အခြားဒုက္ခသည်တွေ မိမိတို့ ဖာသာ အပြင်မှာ အခန်းငှားနေကြရပြီး အခန်းငှားခတွေ ဈေးတက်ကုန်တယ်လို့ ဦးကျော်နီနိုင် က ပြောပါတယ်။

"အခုက ဒုက္ခသည်စခန်းက သုံးလေးထောင်ပဲ ဆန့်တယ်။ အခု သူတို့လက်မခံတော့ဘူး။ ကျနော်တို့ ဟိုးဘက်တွေမှာဆိုရင် အခန်းတွေတောင် ဌားလို့မရတော့ဘူး။ တရုတ်ပြည်နယ် နယ်စပ်တလျောက်ဆိုရင် အရင်တုန်းက လေးရာ၊ငါးရာ တခန်းပေါ့နော် အရင်ပေါ့ အခု နှစ်ထောင့်ငါးရာ၊ သုံးထောင်တောင် ဌားလို့မရတော့ဘူး။ အဲ့အခန်းခတွေ၊"

ကိုးကန့်ဒေသ လောက်ကိုင်မှာ အခုဖြစ်နေတဲ့ ပြဿနာတွေ အမြန်ပြေငြိမ်းစေချင်တယ်လို့ သူ့သဘောထားကို ဦးကျော်နီနိုင်က ပြောပါတယ်။

"ဒီစစ်ရေးနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့ကတော့ ဒေသ နစ်နာတယ်။ ပြည်သူလူထုလည်း ဒုက္ခမြောက်မြားစွာ ရောက်တယ်လေ။ ဒီလိုဖြစ်ရပ်ကြီးကို ကျနော်တို့ လုံးဝ လက်မခံဘူး။ အခုဖြစ်ရပ်တွေကို ကျနော်တို့အနေနဲ့ လုံးဝ ကန့်ကွက်တာပေါ့။"

ဒေသခံတွေ ထွက်ပြေးနေရတဲ့ လောက်ကိုင်မြို့မှာတော့ လူမရှိတဲ့အိမ်တွေကို ဝင်ရောက်ဖေါက်ထွင်းနေမှုတွေရှိနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG