သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုပီးယား ပေါက်ကွဲမှု ၈၃ ဦး ဒဏ်ရာရ


အီသီယိုပီးယားဝန်ကြီးချုပ်သစ် Abiy Ahmed ရဲ့ နိုင်ငံရေးဟောပြောပွဲ ပေါက်ကွဲမှုအပြီး ဝန်ကြီးချုပ်ကို ထောက်ခံကြောင်းပြသူများရဲ့ စုဝေးပွဲ (ဇွန် ၂၃၊ ၂၀၁၈)
အီသီယိုပီးယားဝန်ကြီးချုပ်သစ် Abiy Ahmed ရဲ့ နိုင်ငံရေးဟောပြောပွဲ ပေါက်ကွဲမှုအပြီး ဝန်ကြီးချုပ်ကို ထောက်ခံကြောင်းပြသူများရဲ့ စုဝေးပွဲ (ဇွန် ၂၃၊ ၂၀၁၈)

အီသီယိုးပီးယား နိုင်ငံ မြို့တော်က နိုင်ငံရေး စည်းရုံးရေးပွဲ တခုမှာ ပေါက်ကွဲမှု အတွင်း သေဆုံးသူ မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ပြောဆိုပါတယ်။ အစောပိုင်းတုန်းကတော့ လူအနည်းငယ် သေဆုံးကြောင်း ပြောဆိုခဲ့တာပါ။ ဒဏ်ရာရသူကတော့ ၈၃ ဦး ရှိပြီး ဒီထဲက ၆ ဦးက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။

အီသီယိုးပီးယားဝန်ကြီးချုပ်သစ်ရဲ့ လူထုဟောပြောပွဲ ကျင်းပရာ မြို့တော်မှာ ဒီကနေ့ စနေနေ့ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်ရဲ့ ဟောပြောပွဲကိုလည်း အဆုံးသတ်ခဲ့ရပါတယ်။ မြို့တော် Addis Ababa က Meskel ရင်ပြင်မှာ လူပေါင်း ထောင်ချီ တက်ရောက်ခဲ့တဲ့ ဟောပြောပွဲ စင်မြင့်ကနေ လူငယ် ဝန်ကြီးချုပ်သစ် Abiy Ahmed အမြန်ထွက်ခွာသွားတာ ဖြစ်ပြီး နိုင်ငံပိုင် ရုပ်သံကလည်း ဟောပြောပွဲ ထုတ်လွှင့်မှုကို ဖြတ်တောက်ခဲ့ပါတယ်

ပေါက်ကွဲမှု နောက်ပိုင်းမှာ လုပ်တဲ့ရုပ်သံ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဝန်ကြီးချုပ် Abiy က ဒီတိုက်ခိုက်မှုဟာဆိုရင် အီသီယိုးပီးယား စည်းလုံးမှုကို မလိုလားသူတွေရဲ့ အချည်းနှီး ဖြစ်ခဲ့ရတဲ့ ကြိုးပမ်းမှု အဖြစ် ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အရာရှိချုပ် Fitsum Arega ကတော့ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ် အဖြစ် ပြီးခဲ့တဲ့ ဧပြီလက စလို့ တာဝန်ယူခဲ့တဲ့ Abiy က သူ့လက်ထက်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ခဲ့ပါတယ်။ ထောင်ကျနေတဲ့ သတင်း သမားအများစုကို ပြန်လွှတ်ပေးခဲ့သလို အစိုးရကို ဝေဖန်သူ တက်ကြွလှုပ်ရှား သူတွေ အပေါ် စွဲဆိုထားချက်တွေကို ရုပ်သိမ်းပြီး စီးပွားရေးမှာလည်း လွတ်လပ်မှုရှိအောင် ဆောင်ရွက်လာပါတယ်။ ၂၀၀၂ ခုနှစ် နယ်စပ် သတ်မှတ်မှုနဲ့ ပတ်သက်ပြီး မပြေမလည် ဖြစ်နေတဲ့ အီရီတြီးယား နဲ့လည်း ပြန်လည်ပြေလည်ရေး အတွက် ဆောင်ရွက်သွားဖို့ အီသီယိုးပီးယား ဝန်ကြီးချုပ်သစ်က ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG