သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီးယားမှာ အရေးပေါ်အခြေအနေ ၆ လ ကြေညာ


Men walk past a bus that was torched during protests in the town of Sebeta, Oromia region, Ethiopia, Oct. 8, 2016.
Men walk past a bus that was torched during protests in the town of Sebeta, Oromia region, Ethiopia, Oct. 8, 2016.

အီသီယိုပီးယားနိုင်ငံအနှံ့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြင်းထန်တိုးများ လာနေတာကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေအဖြစ် ၆ လ သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် Hailermariam Desalegn က မကြာသေးခင်က အစိုးရအ ဆောက်အ ဦးတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို တိုက်ခိုက်ခဲ့တာတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တဲ့ ဒီ အရေးပေါ် ဥပဒေဟာ စနေနေ့မှာ စတင်အသက်ဝင်ကြောင်း ရုပ်သံကနေ ကြေညာခဲ့တာပါ။

ဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကတည်းက Oromiya ဒေသမှာ စတင်ခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေက အစပိုင်း မှာ မြေယာ ရပိုင်ခွင့်အတွက် စုဝေးတောင်းဆိုခဲ့ကြပြီး အခုတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ အခွင့်အရေးတွေကို တိုးပြီး တောင်းဆိုနေကြပါတယ်။

နိုင်ငံပိုင် သတင်းဌာနက နိုင်ငံတော် အရေးပေါ်ဥပဒေဆိုင်ရာ အသေး စိတ်အချက် အလက်တွေကို တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ပေး မှာ ဖြစ်ကြောင်း ဖော်ြ ပထားပါတယ်။

မနှစ်ကတည်းက စတင်ခဲ့တဲ့ မငြိမ်မသက်မှုတွေအတွင်း လူပေါင်း ၄၅၀ ကျော် သေ ဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုတွေ က ရေး သား ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG