သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ထဲ ဆက်နေသင့်မသင့် ဗြိတိန်လူထုဆန္ဒခံယူမည်


ဖေဖော်ဝါရီလ ၁၈ရက်က ဘရပ်ဆဲလ် မြို့တွင် ကျင်းပသော အီးယူ ထိပ်သီးညီလာခံတွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကို ဥရောပ ကော်မရှင် သမ္မတ Jean-Claude Juncker နှင့်အတူ တွေ့ရစဉ်။ (AP Photo/Geert Vanden Wijngaert)
ဖေဖော်ဝါရီလ ၁၈ရက်က ဘရပ်ဆဲလ် မြို့တွင် ကျင်းပသော အီးယူ ထိပ်သီးညီလာခံတွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ကို ဥရောပ ကော်မရှင် သမ္မတ Jean-Claude Juncker နှင့်အတူ တွေ့ရစဉ်။ (AP Photo/Geert Vanden Wijngaert)

ဗြိတိန်ဝန်ကြီးချုပ် David Cameron က EU ဥရောပသမဂ္ဂမှာ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်အဖြစ်ဆက်ပါရေးအပေါ် ဆန္ဒခံယူပွဲကို ဇွန်လ ၂၃ ရက်နေ့မှာ လုပ်သွားမယ်လို့ ဒီနေ့ကြေညာလိုက်ပါတယ်။

ဒေါင်းနင်းလမ်း အမှတ် (၁၀) မှာရှိတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်အိမ် အပြင်ဘက်မှာရှိတဲ့ သတင်းထောက်တွေကို စကားပြောရာမှာ ဝန်ကြီးချုပ် Cameron က ဗြိတိန်နိုင်ငံအနေနဲ့ အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဒီ EU ဥရောပသမဂ္ဂ အဖွဲ့ထဲမှာ ဆက်နေသွားဖို့ အစိုးရဝန်ကြီးအဖွဲ့က အတည်ပြုဆုံးဖြတ်ထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် Cameron က ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဆက်ရှိနေခြင်းဟာ ဗြိတိန်နိုင်ငံအတွက် ပိုပြီး အားကောင်းစေမယ်၊ ပိုလုံခြုံစေမယ်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့ ဥရောပ သမဂ္ဂထဲမှာ ပိုကောင်းတဲ့ အနေအထားရလာစေနိုင်တယ် လို့ ရှင်းပြပါတယ်။

ဒါပေမဲ့ ခုလို ဥရောပ သမဂ္ဂထဲ ဆက်နေမနေ ဆိုတာကို ဗြိတိန်ပြည်သူတွေ ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Cameron ဆက်ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Cameron ကပဲ ပြုပြင်ပြောင်းရေးလုပ်လာနေတဲ့ ဥရောပသမဂ္ဂထဲမှာ ဗြိတိန်အနေနဲ့ အခုရထားတဲ့ အထူးအဆင့်အတန်းနဲ့ ဆက်နေသွားဖို့အတွက် ဗြိတိန်လူထုကို စည်းရုံးယူသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဒီ ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့အကြား ခုလို ဗြိတိန်ကို အထူးအဆင့်အတန်းပေးဖို့ သဘောတူညီချက်ကို မနေ့က ပြီးခဲ့တဲ့ (၂) ရက်ကြာ Brussels မြို့မှာ အမြန်လုပ်ခဲ့တဲ့ EU ထိပ်သီးဆွေးနွေးပွဲက ရရှိခဲ့တာပါ။

ဒီသဘောတူညီချက်အရ ဗြိတိန်နိုင်ငံအနေနဲ့ နိုင်ငံထဲကို လာရောက် အလုပ်လုပ်ကိုင်တဲ့ အခြား ဥရောပနိုင်ငံသားတွေအပေါ် လူမှုဖူလုံရေးနဲ့ အကျိုးခံစားခွင့်တွေကို ကန့်သတ် ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပယူယိုငွေ ပြောင်းမသုံးပဲ ကိုယ်ပိုင်ငွေ ပေါင်စတာလင်ကို ဆက်သုံးတာ အတွက် ပစ်ဒဏ်ပေးခံရမှာမဟုတ်ဘူးဆိုတဲ့ အာမခံချက်ကိုလည်း ရရှိခဲ့ပါတယ်။

ဒီသဘောတူညီချက်အပေါ် ကန့်ကွက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသားတွေကတော့ ဒီသဘောတူချက်ဟာ အဓိပ္ပာယ်မရှိဘူး။ ဘာလို့လဲ ဆိုတော့ ဘာမှ အပြောင်းအလဲ ဖြစ်မလာလို့ ဖြစ်တယ်။ ဒါကြောင့် အခုအချိန်မှာ ဗြိတိန်ပြည်သူတွေ အနေနဲ့ ဒီ ဗျူရိုကရက်တွေ၊ စီးပွားရေးကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ဆန့်ကျင်စည်းရုံးရေး ပြင်းပြင်းထန်ထန် လုပ်ပြီး၊ ဒီမိုကရေစီ အခွင့်အရေးတွေ ကို ပြန်ရအောင်ယူရမယ်လို့ ဆိုနေပါတယ်။

XS
SM
MD
LG