မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားပေးတဲ့ အနေနဲ့ ထောက်ပံ့ ကူညီသွားဖို့ ဥရောပ သမဂ္ဂက ကတိပြုလိုက်တဲ့ တချိန်တည်းမှာပဲ တိုင်းပြည်တွင်းက ပဋိပက္ခတွေ အဆုံးသတ်ရေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ လူပေါင်း ၉၀ နီးပါး သေဆုံးခဲ့ရတဲ့ တကျော့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပွားရာ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြေလည်မှု မရသေးတာတွေလို ကိစ္စတွေဟာ ဒီမိုကရေစီ တည်ဆောက်တဲ့ လုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုတွေ အဖြစ်နဲ့ ရှိနေဆဲ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ဥရောပကော်မရှင် အကြီးအကဲ Jose Manuel Barrosso က စနေနေ့ က ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အတိဒုက္ခ ရောက်ကြရသူတွေအတွက် အကူအညီအဖြစ် ယူရိုငွေ ၄ သန်း စတင်ထောက်ပံ့ ကူညီဖို့ ပြင်ဆင်ထားတဲ့ အကြောင်းကိုလည်း ဥရောပကော်မရှင် အကြီးအကဲက ကတိပြုခဲ့ပါတယ်။ ဥရောပ သမဂ္ဂ (EU) အနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းစဉ်အတွက် ယူရိုငွေ သန်း ၃၀ ရှေ့နှစ်ကစ ပေးအပ်မှာ ဖြစ်တယ်လို့လည်း ကတိပြုခဲ့တာပါ။
သီတင်းတပတ်ကြာ အာရှ ခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဥရောပ ကော်မရှင် အကြီးအကဲကတော့ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ သာမက အဓိက နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။