သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU-မြန်မာ ရင်းနှီးမြှပ်နှံမှု ကာကွယ်ရေး ဆွေးနွေးမည်


EU-မြန်မာ ဆက်ဆံရေး
EU-မြန်မာ ဆက်ဆံရေး
မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးလာရောက်နေတဲ့ EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို "အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးမှု ဝန်ကြီးဌာန" ဝန်ကြီး ဦးကံဇော်နဲ့ နေပြည်တော်မှာ ကြာသပတေးနေ့က ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံမှုတွေအတွက် ဒီသဘောတူညီချက်က ပိုမိုအကာအကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် နှစ်ဖက်ရင်းနှီးမြှုပ်နှံသူတွေ အတွက်လည်း မျှတမှုတွေရလာနိုင်မှာမို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ဖိတ်ခေါ်နိုင်မှာဖြစ်တယ်လို့ EUက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒီသဘောတူညီချက်ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အတွက် အရေးပါတဲ့ တွန်းအားတခုဖြစ်လာစေနိုင်တဲ့အပြင် စီးပွါးရေးဖွံ့ဖြိုးမှု အတွက် လိုအပ်တဲ့ စီးပွါးရေးအခွင့်အလန်းတွေကို ပေးရာမှာ အဓိကသော့ချက်ဖြစ်တဲ့ ရင်းနှီးမြှပ်နံှမှုဆိုင်ရာ ကြိုတင်ခန့်မှန်း နိုင်မှုနဲ့ တည်ငြိမ်တဲ့ ဥပဒေတွေ ပေါ်ထွက်လာစေရေးကိုပါ အထောက်အကူဖြစ်စေ တယ်လို့ မစ္စတာ ဂေါ့ချ်ရဲ့ ပြောကြားချက်ကို ဖေါ်ပြထား ပါတယ်။

လောလောဆယ်မှာ EUအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာကြား ၂ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပဋိဉာဉ် စာတမ်းတစုံတရာ မရှိသေးပါဘူး။ အခုချမှတ်ခဲ့တဲ့ EU မြန်မာ ရင်းနှီးမြှပ်နှံမှု အကာကွယ်ရေးနိုင်ရေး သဘောတူညီချက် ကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမယ့် အီးယူအဖွဲ့ဝင် နိုင်ငံတွေအတွက် ခွဲခြားဆက်ဆံမှုမရှိအောင်၊ နစ်နာကြေးမပေးပဲ လုပ်အားအမြတ်မထုတ်အောင်၊ မတရားဆက်ဆံတာ မခံရအောင်နဲ့ ငွေအရင်းအနှီး လွှဲပြောင်းမှုတွေ လုပ်နိုင်တာလိုမျိုး အာမခံချက်တွေကို ပေးနိုင်တော့မှာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဒီသဘောတူညီချက်ဟာ မြန်မာနိုင်ငံရဲ့ လုပ်ပိုင်ခွင့်တွေကို အနှောက်အယှက်မဖြစ်စေပဲ နိုင်ငံသားတွေရဲ့ လုပ်ငန်းကိုင်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ဆောင်ရွက်မှာဖြစ်ကြောင်းလည်းကြေညာချက်မှာဖေါ်ပြထားပါတယ်။ EUနဲ့ မြန်မာကုန်သွယ်ရေးဟာ ၂၀၁၃ မှာ ယူရိုသန်းပေါင်း ၅၇၀ လောက်ရှိလာခဲ့ပြီး အရင်နှစ်ကထက် ၄၁ ရာနှုံးတိုးခဲ့တာပါ။ မြန်မာက EUကို ကုန်ပစ္စည်းတင်ပို့မှုဟာလည်း ၃၅ ရာနှုံး တိုးလာခဲ့ပါတယ်။
XS
SM
MD
LG