သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ပြဿနာ ဇစ်မြစ် ဖြေရှင်းရေး EU တိုက်တွန်း


ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာစဉ်။
ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာစဉ်။

ဒုက္ခသည်ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ အာရှတိုက်တို့က စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးအရ အဖြေရှာကြဖို့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အကျပ်အတည်းပြဿနာ စီမံခန့်ခွဲရေးဆိုင်ရာ ဥရောပကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားလူထု အနေနဲ့ တိုင်းပြည်တွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ ဥရောပက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စည်းရုံးဖြောင့်ဖျကြတဲ့ အစပျိုးကြိုးပမ်းမှုတွေ ရှိနေပြီလို့လည်း ဆာဗီးယား ဝန်ကြီးချုပ် နဲ့ ဆာဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာ သောကြာနေ့က တွေ့ဆုံအပြီးမှာ ပဲ ကော်မရှင်နာမင်းကြီး ခရစ္စတို စတိုင်လီယံနိုဒ် (Christos Stylianides) ကပြောဆိုခဲ့တာပါ။

ဒုက္ခသည်ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်တယ်၊ ဆီးရီးယား၊ အာဖဂန်နဲ့ အီရတ်နိုင်ငံတွေမှာ နိုင်ငံရေးအရ အဖြေရှာနိုင်အောင် ကြိုးပမ်းရမယ်၊ တချိန်တည်းမှာပဲ ဆီးရီးယား နိုင်ငံတွင်းမှာ အခြေခံ လိုအပ်ချက်တွေ ကို ထောက်ပံ့ရုံတင်မက ပညာရေးလို အစီအစဉ်မျိုးတွေနဲ့ ဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာတွေကို အကာအကွယ်ပေးနိုင်ဖို့၊ တိုင်းပြည်ထဲမှာပဲ ဆက်လက်နေထိုင်ကြဖို့ စည်းရုံးရမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG