သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပစီးပွားရေးပြဿနာ ဒုတိယကမ္ဘာစစ်အပြီး အဆိုးဆုံး


ဥရောပစီးပွားရေးပြဿနာ ဒုတိယကမ္ဘာစစ်အပြီး အဆိုးဆုံး

ဥရောပရဲ့ ငွေကြေးပြဿနာဟာ ဥရောပဒေသအတွက် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်မှာ အကြီးမားဆုံး ပြဿနာဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ၀န်ကြီးချုပ် Angela Merkel က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံများအချင်းချင်း နိုင်ငံရေးအရ စည်းရုံးမှုရှိကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဥရောပသမဂ္ဂရဲ့ သဘောတူညီမှုအတိုင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။ ဂရိ၊ အီတလီနဲ့ တခြား နိုင်ငံတွေက ပြဿနာတွေအပေါ်မှာ ယူရိုငွေကြေးကို အသုံးပြုကြတဲ့ နိုင်ငံ ၁၇ နိုင်ငံကြား သဘောထား ကွဲကြမယ်ဆိုရင် ဥရောပ သမဂ္ဂကြီး ပြိုကွဲကျဆုံးသွားလိမ့်မယ်လို့ Angela Merkel က ဒီကနေ့ သူရဲ့ပါတီဝင်တွေကို ပြောကြားလိုက်တာပါ။

ဥရောပအတွက် ဂျာမနီဟာ အကြီးမားဆုံး စီးပွားရေးအင်အားတစ်ခုဖြစ်ပါတယ်။ အကြွေးပြဿနာတွေနဲ့ တိုးတက်နှုန်း နှေးကွေးမှုတွေအတွက် ဂရိနဲ့ အီတလီနိုင်ငံက ခေါင်းဆောင်သစ်တွေ ကြိုးစားလုပ်ဆောင်နေချိန်မှာ ဂျာမနီဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီတလီနိုင်ငံက ငွေစုစာချုပ်သစ်တွေ ဒီကနေ့ ထုတ်ရောင်းရာမှာ ဒေါ်လာသန်းပေါင်း လေးထောင်ကျော် ရလိုက်ပါတယ်။ ဒါဟာ ၁၉၉၇ ခုနှစ်ကစပြီး အတိုးနှုန်းအများဆုံး ဖြစ်ပါတယ်။

XS
SM
MD
LG