သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ကြွေးမြီပြဿနာအတွက် ပိုတင်းကျပ်တဲ့ဥပဒေလို


Presiden AS Barack Obama berjabat tangan dengan Presiden Burma Thein Sein pada pertemuan di Ruang Oval, Gedung Putih di Washington (20/5). (AP/Jacquelyn Martin)
Presiden AS Barack Obama berjabat tangan dengan Presiden Burma Thein Sein pada pertemuan di Ruang Oval, Gedung Putih di Washington (20/5). (AP/Jacquelyn Martin)

အီးယူ ဥရောပနိုင်ငံတွေမှာ ကြွေးမြီပြဿနာ အဆုံးသတ်ရေးနဲ့ ယူရိုငွေကြေး ခိုင်မာမှုရှိစေဖို့ ကြိုးစားတဲ့အနေနဲ့ အသုံးငွေ ထိန်းချုပ်ရေးဆိုင်ရာ အီးယူ ဥရောပ သမဂ္ဂက စာချုပ်သစ်တရပ် ချုပ်ဆိုဖို့အတွက် ပြင်သစ်သမ္မတ နီကိုးလက်ဆာကိုဇီနဲ့ ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာမာခဲလ် တို့က တောင်းဆိုလိုက်ပါတယ်။

အီးယူနိုင်ငံ ၂၇ နိုင်ငံမှာ အစိုးရဘက်ဂျက် ရသုံးငွေစာရင်းကို ဥရောပတရားရုံးကနေ ပြန်လှန်သုံးသပ်ဖို့နဲ့ တကယ်လို့ သုံးစွဲရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့ရင် အလိုအလျောက် အပြစ်ပေးအရေးယူတာကို ခံရမယ်ဆိုတာကို သဘောတူကြဖို့ကိုလည်း တနင်္လာနေ့ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ ခေါင်းဆောင်နှစ်ဦးက ပြောကြားခဲ့ကြပါတယ်။ ဒါဟာ ဘက်ဂျက်လိုငွေပြမှုကို စစ်ဆေးနိုင်မှာဖြစ်ပြီး ဂရိ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ကြွေးမြီပြဿနာတွေကို နိုင်ငံတကာကနေ ဝိုင်းဝန်းကယ်တင်ခဲ့ရတာမျိုး ထပ်မဖြစ်စေဖို့အတွက် လုပ်ဆောင်တာလို့ ဆိုပါတယ်။

တကယ်လို့ ဥရောပနိုင်ငံ ၁၇ နိုင်ငံကနေ ဘက်ဂျက်ငွေ ထိန်းချုပ်တဲ့ကိစ္စကို လက်ခံတယ်ဆိုရင် ဒီစနစ်ကို ဆက်လက် ကျင့်သုံးသွားဖို့ရှိတယ်လို့ မစ္စတာ ဆာကိုဇီနဲ့ မစ္စစ် မာခဲလ်တို့က ပြောကြားခဲ့ပါတယ်။ ဒီအပြောင်းအလဲကို မတ်လကုန်လောက်မှာ လုပ်ဆောင်သွားဖို့ သင့်တယ်လို့လည်း မစ္စတာ ဆာကိုဇီက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG