သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ထိပ်တန်းသံ အီဂျစ်သမ္မတဟောင်း မော်စီနဲ့ တွေ့ခွင့်ရ


အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) နဲ့ ပွင်လင်းရင်းနှီးတဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်ကြောင်း သူနဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန်က ပြောဆိုနေချိန်မှာပဲ မစ္စတာ မော်စီကို ထောက်ခံသူတွေက အင်္ဂါနေ့မှာ လူထု ချီတက်ပွဲတွေ ထပ်မံ ပြုလုပ်ကြဖို့ ဆော်သြလိုက်ပါတယ်။

အီဂျစ်နိုင်ငံကို လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ မစ္စတာ မော်စီနဲ့ တွေ့ဆုံဖို့ဖြစ်ပြီး အဲဒီလို တွေ့ဆုံခွင့်ရဖို့အတွက် အီဂျစ်အရာရှိတွေဖက်က လွတ်လပ်စွာ အခွင့်အလမ်းပေးခဲ့တယ်လို့ အီးယူ နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ ကတ်သရင်း အက်ရှ်တွန် (Catherine Ashton) က ပြောပါတယ်။

မစ္စတာ မော်စီကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာနဲ့ သူမနဲ့တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသွင်အပြင် လက္ခဏာတွေကို မပြောလိုတဲ့အကြောင်း ကတ်သရင်း အက်ရှ်တွန် က ပြောပါတယ်။

၂ နာရီကြာတဲ့ အဲဒီ တွေ့ဆုံမှုဟာ ရာထူးက ဖြုတ်ချခံထားရတဲ့ မစ္စတာ မော်စီအတွက် နိုင်ငံတကာ သံတမန်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းလည်း ဖြစ်ပါတယ်။

မစ္စတာ မော်စီအနေနဲ့ အနာဂတ် အီဂျစ်နိုင်ငံရေးအစီအစဉ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ ကတ်သရင်း အက်ရှ်တွန် နဲ့ အတူ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အီဂျစ် ဒုသမ္မတ မိုဟာမက် အယ်လ် ဘာရာဒေး (Mohamed El Baradei) က ပြောပါတယ်။
XS
SM
MD
LG