သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ခွဲဝေ လက်ခံရေး အီးယူဆွေးနွေး


ဘာလင်မြို့တောင်ပိုင်းမှာ ရထားစောင့်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်ကလေးငယ်တဦး။ (စက်တင်ဘာ ၁၃၊ ၂၀၁၅)
ဘာလင်မြို့တောင်ပိုင်းမှာ ရထားစောင့်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်ကလေးငယ်တဦး။ (စက်တင်ဘာ ၁၃၊ ၂၀၁၅)

ဥရောပနိုင်ငံတွေဆီကို အဆက်မပြတ် ဝင်လာနေဦးမယ်လို့ယူဆရတဲ့ဒုက္ခသည်တွေကို ဘယ်လို ခွဲဝေတာဝန်ယူကြမလဲဆိုတာနဲ့ ပတ်သက်ပြီးဒီကနေ့ တနလာၤနေ့မှာပဲ ဥရောပသမဂ္ဂရဲ့ ပြည်ထဲရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဟန်ဂေရီ အာဏာပိုင်တို့က နယ်စပ်လုံခြုံရေး ရဲတွေထံကနေ လွတ်မြောက်ဖို့ ကြိုးပမ်းကြသူတွေကို တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြောဆို သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် တရက်အလိုမှာ ဥရောပသမဂ္ဂ ပြည်ထဲရေးဝန်ကြီးတွေရဲ့ ဘရပ်ဆဲလ်မြို့ဆွေးနွေးပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေ ဥရောပတိုက်ကို အလုံးအရင်းနဲ့ရောက်ရှိလာကြတဲ့အပေါ်မှာတော့ ဥရောပနိုင်ငံတွေ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံတို့က ဂျာမနီနိုင်ငံကို အပြစ်ဖို့ကြပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေကို ခွဲဝေ တာဝန်မခံလိုတဲ့ ဥရောပအဖွဲ့ဝင် နိုင်ငံတချို့ကိုလည်းဂျာမနီဘက်က အတော်လေး စိတ်ပျက်နေတာပါ။ ဂျာမနီက ဒီနှစ်မှာ ဒုက္ခသည် တသန်းလောက် လက်ခံနိုင်မယ်လု့ိ ခန့်မှန်းထားကြောင်း ဂျာမန် ဒုတိယဝန်ကြီးချုပ် Sigmar Gabrielက သူ့ရဲ့ Social Democratic ပါတီကို ဒီကနေ့မှာဘဲ စာပေးပို့ခဲ့ပါတယ်။ ဂျာမန်ဝန်ကြီးချုပ် Angela Merkelကကတော့ ဒုက္ခသည် ၈ သိန်းလောက် လက်ခံလိုတယ်လို့ ပြောထားပါတယ်။ ရွှေ့ပြောင်းဒုက္ခသည် အများအပြားက တခြားနိုင်ငံတွေမှာ အခြေမချလိုကြပါဘူး။ တချို့ကတော့ ဂျာမနီနိုင်ငံဆီကိုရောက်ဖို့ နိုင်ငံတွေကို ဖြတ်ပြီး လမ်းလျှောက်သွားကြပါတယ်။

လူတွေဟာ လုံခြုံမှုရရေး ရှာဖွေကြတာဆိုရင် ဘယ်နိုင်ငံက သူတို့ကို လက်မခံမလဲဆိုတာကို ရွေးချယ်နေလို့ရမှာမဟုတ်ဘူးလို့ ဂျာမနီ ပြည်ထဲရေးဝန်ကြီး Thomas de Maiziere က ပြောပါတယ်။တချိန်တည်းမှာပဲ ဟန်ဂေရီနိုင်ငံကလည်း ဆားဘီးယားနယ်စပ် ခြံစည်းရိုးကို သံဆူးကြိုးတွေ ထပ်တင်ပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

မနက်ဖြန် အင်္ဂါနေ့ကစလို့ ဟန်ဂေရီနယ်စပ် လုံခြုံရေးရဲတို့ထံကနေ လွတ်မြောက်အောင် ကြိုးပမ်းရင်း ဖမ်းဆီးမိသူ ရွှေ့ပြောင်းဒုက္ခသည်တွေကို တရားစွဲဆိုမယ်လို့ ဟန်ဂေရီအာဏာပိုင်တို့က ပြောဆိုကြပါတယ်။ ဂျာမနီနိုင်ငံကလည်း ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ စစ်ရှောင်ဒုက္ခသည်တွေ နိုင်ငံတွင်း ဝင်ရောက်လာမှု ပမာဏကို ကန့်သတ်နိုင်ဖို့ အတွက် သြစတီးယားနဲ့ နယ်စပ်မှာ နိုင်ငံကူးလက်မှတ် စစ်ဆေးကြပ်မတ်မှုတွေကို ယာယီအားဖြင့် လုပ်ဆောင်နေပါတယ်။ နယ်စပ်တွေမှာလည်း နိုင်ငံကူး လက်မှတ်စစ်ဆေးတာတွေကို ဂျာမနီအာဏာပိုင်တို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG