သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ငွေကြေးအကျပ်အတည်း ဖြေရှင်းရေး ငွေကြေး စည်းမျဉ်းသစ် ရေးဆွဲ

Դեյվիդ Բեքհեմը հեռանում է ֆուտբոլից
Դեյվիդ Բեքհեմը հեռանում է ֆուտբոլից

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အစိုးရတစ်ခုချင်းစီရဲ့ အသုံးစရိတ်တွေကို ဗဟိုကနေ ထိန်းချုပ်မှုတွေ တိုးမြှင့်ပြီးလုပ်ဆောင်ဖို့ဆိုတဲ့ အစီအစဉ်အသစ်ကို သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ တော်တော်များများ မနေ့က သဘောတူညီခဲ့ကြပါတယ်။ အကြွေးတင်တဲ့ပြဿနာတွေကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအတွင်း သုံးစွဲနေတဲ့ ယူရိုငွေကြေးကို ထိခိုက်နစ်နာစေပြီး ဥရောပကိုလည်း စီးပွားရေး အကျပ်ရိုက်စေခဲ့ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်ကတည်းက ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေကနေ ဥရောပရဲ့အကြွေးတင်တဲ့ ပြဿနာကို ဖြေရှင်းရေးညှိနှိုင်းမှုတွေ လုပ်ခဲ့တာပါ။

အခုအစီအစဉ်ကို ယူရိုငွေကြေးသုံးစွဲတဲ့ သမဂ္ဂအဖွဲ့ဝင် ၁၇ နိုင်ငံလုံးက သဘောတူခဲ့ကြပါပြီ။ ယူရိုငွေကို မသုံးစွဲတဲ့နိုင်ငံ တချို့ကလည်း သဘောတူခဲ့တယ်ဆိုပေမဲ့ ယူရိုငွေကို မသုံးစွဲတဲ့ ၁၀ နိုင်ငံထဲမှာ အင်အား အကောင်းဆုံး ဗြိတိန်ကတော့ အခုအစီအစဉ်ကို ကန့်ကွက်နေတုန်းပါပဲ။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းကတော့ အီးယူအဖွဲ့ရဲ့ အစီအစဉ်သစ်ထဲမှာ ဗြိတိန်ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ ကတော့ ဗြိတိန်ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်တယ်လို့ တုံ့ပြန်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်နိုင်ငံကလွှတ်တော်တွေနဲ့ တိုင်ပင်ဆွေးနွေး ပြီးတဲ့အခါမှာ ယူရိုငွေမသုံးတဲ့ နိုင်ငံတွေကလည်း အခုအစီအစဉ်သစ်ကို ထပ်ပြီး သဘောတူ ပါဝင်လာနိုင်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒီအစီအစဉ်ကို သဘောတူညီချက် ရလိုက်ပြီလို့ကြေညာပြီး စတော့ဈေးကွက်တွေမှာ မနေ့က ဈေးတွေပြန် တက်လာသလို ယူရိုငွေတန်ဘိုးလည်း တက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုလို အကြွေးပြဿနာကို ဖြေရှင်းမယ့် အစီအစဉ်ကြောင့် ဥရောပမှာတက်နေတဲ့ ငွေကြေးပြဿနာနဲ့ စီးပွားရေး အကျပ်အတည်းတွေကို တကယ်ပဲ ပြေလည်စေမလား ဆိုတဲ့ကိစ္စမှာ လေ့လာသုံးသပ်သူတွေအတွင်း အမြင်သဘောထားတွေ ကွဲပြားနေတုန်းပါပဲ။

ဥရောပဗဟိုဘဏ် အကြီးအကဲကတော့ အခုလိုသဘောတူညီချက်ကို သိပ်ကောင်းတဲ့ရလဒ်ပဲဖြစ်ပြီး လက်ရှိအခြေအနေကို ဖြေရှင်းဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG