သုံးရလွယ်ကူစေသည့် Link များ

ရုရှားပေါ် အရေးယူမှု ဥရောပ သက်တမ်းတိုး


ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေးသူပုန် တိုက်ပွဲပြင်းထန်။ (ဇန်နဝါရီ- ၂၀၁၅)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တိုက်ပွဲတွေ သိသိသာသာ တိုးမြင့်ဖြစ်ပွားနေချိန်မှာ ဒီပဋိပက္ခမှာ ပါဝင် ပတ်သက် နေတဲ့ ရုရှားနိုင်ငံနဲ့ ရုရှားနိုင်ငံ ကနေ ထောက်ခံမှုပေး ထားတဲ့ ခွဲထွက်ရေးအဖွဲ့က အရာရှိတွေအပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို နောက်ထပ် ၆ လထပ်ပြီး သက်တမ်းတိုးဖို့EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘရပ်ဆဲလ်စ်မှာ ကျင်းပတဲ့ အစည်းအဝေးကနေ အခုလိုသဘောတူ ဆုံးဖြတ်ချက် ချမှတ်လိုက်တာဖြစ်ပြီး ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့နဲ့ ခရီးသွားလာခွင့်ပိတ်ပင်တဲ့ အရေးယူမှုတွေ ပြုလုပ်ထားတဲ့ လူအမည်စာရင်းကို သီတင်းတပတ်အတွင်း ထပ်တိုးမယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကတိုက်ပွဲတွေကြောင့် လူတွေသေဆုံးမှု တိုးများလာချိန်မှာ အခုလို EU ဖက်က သံတမန်ရေး လှုပ်ရှားမှု ပြုလုပ်လိုက်တာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ Petro Poroshenko က ချက်ခြင်း အပစ်ခတ် ရပ်စဲရေးနဲ့ ရှေ့တန်းကနေ လက်နက်ကြီးတွေ ရုပ်သိမ်းဖို့အတွက် အရေးပေါ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ သူပုန်တွေကို ကြာသပတေးနေ့မှာ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီး မကြာခင်မှာ အခုလို ဥရောပသမဂ္ဂဘက်က ကြေညာချက် ထွက်ပေါ်လာတာပါ။

ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေးသူပုန်တွေကြား စက်တင်ဘာလအတည်းက အပစ်ရပ်ဖို့ သဘောတူညီမှုရရှိထားခဲ့တာပါ။ ဒါပေမယ့် ဒီသဘောတူညီမှုကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြပြီး ဒီလိုချိုးဖောက်မှုအပေါ် တဖက်နဲ့တဖက် အပြစ်ဖို့ ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG