သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နိုင်ငံခြားရေးအကြီးအကဲ ရိုဟင်ဂျာဒုက္ခသည်စခန်း ရောက်ရှိ


ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ Federica Mogherini နဲ့ တခြား ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာရှ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာနိုင်ငံကို မသွားခင် ဘင်္ဂလားဒေရှ့် နိုင်ငံ ကူတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ဝင်ရောက်တာ ဖြစ်ပါတယ်။ ပဋိပက္ခကို ဖြေရှင်းတဲ့ နေရာမှာ ဖိအားပေးမှုထက် ဆွေးနွေး အဖြေရှာနိုင်မယ့် အခြေအနေ တရပ် ဖန်တီးပေးရေးကို ပိုပြီး ချဉ်းကပ် ဆောင်ရွက်နေကြောင်း EU နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ကူတုပလောင် ဒုက္ခသည် စခန်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"ဖိအားပေးတာထက် စာရင် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးရေး၊ နောက် ရှောင်လွှဲလို့ မရတဲ့ ဒီအခြေအနေကို ကိုင်တွယ်ဆောင်ရွက်ဖို့ အားပေးမြှင့်တင်ရေးဘက်ကို ပိုပြီး ချဉ်းကပ် လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ အဖြေရှာနိုင်ဖို့ အတွက်ကတော့ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကတော့ ဖြေရှင်းချက် တချို့ကို အဆိုပြုထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုဖီအာနန် ကော်မရှင်ရဲ့ အစီအစဉ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အကောင်အထည် ဖော်ဖို့ ကတိပြုထားပြီး ကျမတို့ အားလုံးဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်ကို ထောက်ခံပါတယ်"လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

EU နိုင်ငံခြားရေး မူဝါဒ ရေးရာ အကြီးအကဲရဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားရောက်တဲ့ ခရီးစဉ်မှာတော့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Sigmar Gabriel လည်း အတူ သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ၂ ရက်တာ ကျင်းပမယ့် ဆွေးနွေးပွဲမှာလည်း ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အထောက်အပံ့တွေကို ဆွေးနွေးဖို့ ရှိတယ်လို့ EU က ပြောဆိုထားပါတယ်။

EU နိုင်ငံခြားရေးအကြီးအကဲ ရိုဟင်ဂျာဒုက္ခသည်စခန်းရောက်ရှိ
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG