သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဘဏ္ဍာရေးဝန်ကြီးတွေ ဂရိကူညီငွေကိစ္စ ဆွေးနွေး

ဥရောပဘဏ္ဍာရေးဝန်ကြီးတွေ ဂရိကူညီငွေကိစ္စ ဆွေးနွေး
ဥရောပဘဏ္ဍာရေးဝန်ကြီးတွေ ဂရိကူညီငွေကိစ္စ ဆွေးနွေး

ဂရိနိုင်ငံရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးမယ့် ကယ်ဆယ်ရေး ကူညီငွေ နောက်တရစ်ကို ပေးသင့်မပေးသင့် ဆုံးဖြတ်ဖို့အတွက် အီးယူ ဥရောပနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၁၀၀ ငွေကြေးထောက်ပံ့မှု ပေးဖို့အတွက် စဉ်းစားနေတာမို့ ဘဏ္ဍာရေးဝန်ကြီးတွေဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ဆွေးနွေးခဲ့ကြတာပါ။

တချိန်တည်းမှာပဲ ဂရိဝန်ကြီးချုပ် ဂျော့ ပါပန်ဒရီယို (George Papandreou) နဲ့ အတိုက်အခံခေါင်းဆောင် အန်တိုနီစ် ဆန်မရာ့စ် (Antonis Samaras) တို့ဟာလည်း ဂရိနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန် ထမ်းဆောင်မယ့်သူကို ရွေးချယ်ဖို့အတွက် အေသင်မြို့မှာ တိုင်ပင်ညှိနှိုင်းခဲ့ကြပါတယ်။

ဂရိနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ဖို့အတွက် အရင် ဥရောပသမဂ္ဂ ဗဟိုဘဏ်ဥက္ကဋ္ဌ လူးကက်စ် ပါပန်ဒီးမို့စ် (Lucas Papademos) ဖြစ်နိုင်ခြေရှိနေပါတယ်။ အီးယူ ဥရောပသမဂ္ဂက ဂရိ ကြွေးမြီပြဿနာကို ဖြေရှင်းဖို့ လုပ်ဆောင်မှုအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူဖို့ တောင်းဆိုခဲ့တာကို အများကလက်မခံကြတဲ့နောက် ဝန်ကြီးချုပ် ပါပန်ဒရီယို နုတ်ထွက်ပေးပြီး ညွှန့်ပေါင်းအစိုးရတရပ်က အုပ်ချုပ်ရမှာဖြစ်ပါတယ်။

ဂရိနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာစေဖို့အတွက် ဂရိတနိုင်ငံလုံးက ဆုံးဖြတ်ခဲ့တာကို အမေရိကန် အစိုးရက ကြိုဆိုလိုက်သလို နောင် အသစ်တက်လာမယ့် အစိုးရသစ်အဖွဲ့ဟာ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန်ထက်ထက် အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

This item is part of
XS
SM
MD
LG