သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နုတ်ထွက်ရေး အမြန်စီစဉ်ဖို့ EU လိုလား


ဥရောပသမဂ္ဂအဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ ၆ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဘာလင်မြို့မှာတွေ့ဆုံဆွေးနွေးစဉ်။ (ဇွန်လ ၂၅၊ ၂၀၁၆)။
ဥရောပသမဂ္ဂအဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ ၆ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဘာလင်မြို့မှာတွေ့ဆုံဆွေးနွေးစဉ်။ (ဇွန်လ ၂၅၊ ၂၀၁၆)။

ဥရောပသမဂ္ဂကို စတင်တည်ထောင်ခဲ့တဲ့ ၆ နိုင်ငံခေါင်းဆောင်တွေဟာ စနေနေ့ မနက်က ဥရောပသမဂ္ဂရဲ့အနာဂတ်အတွက် ဘာလင်မြို့မှာ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ဗြိတိန်နိုင်ငံအဖွဲ့ဝင်အဖြစ်ကနုတ်ထွက်ရေး လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေကို မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ လူဇင်းဘတ် ဝန်ကြီးတွေ ပူးတွဲကြေညာချက်မှာ ဗြိတိသျှအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ဒီဆုံးဖြတ်ချက်အပေါ် မြန်နိုင်သမျှ မြန်မြန် ပြီးမြောက်အောင်ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

ဗြိတိန်နုတ်ထွက်ရေးလုပ်ငန်းကို စောနိုင်သမျှ စောစောစတင်ဖို့၊ ဒီနည်းနဲ့ သောင် မတင်ရေမကျ အခြေအနေနဲ့ အဆုံးမသတ်စေရဘဲ အီးယူရဲ့ရှေ့ဆက်ရမယ့် ခရီးအတွက် ပိုအာရုံစိုက် ဆောင်ရွက်သွားနိုင်ရေးတွေအတွက် အခုလို ဆွေးနွေးကြရတာဖြစ်ကြောင်း ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဖရန့် ခ်၊ ဗော်လ်တာ စတိန်းမီးယား ( Frank-Walter Steinmeier) က အစည်းအဝေးအပြီးမှာ ပြောပါတယ်။

အခု ခေါ်ယူတဲ့အစည်းအဝေးဟာ ဗြိတိန်နုတ်ထွက်မှုအတွက် သီးသန့်ခေါ်ယူတဲ့ အစည်းအဝေးမဟုတ်ဘဲ ဒုက္ခသည်တွေအရေး၊ အလုပ်လက်မဲ့ပြဿနာနဲ့ ဥရောပ လုံခြုံရေး စတဲ့ ကိစ္စတွေအပါအဝင် တခြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေး ခဲေ့ကြာင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီး Steinmeie က အီးယူနိုင်ငံတွေအနေနဲ့ ဒုကိတယကမ္ဘာစစ်ပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ရှောင်ရှားမယ့် အီးယူ - ဥရောပသမဂ္ဂကို တည်ထောင်ခဲ့တဲ့ စိတ်ထားနဲ့ ဆက်ပြီး စည်းစည်းလုံးလုံး ရှိနေကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်နုတ်ထွက်ရေး အမြန်စီစဉ်ဖို့ EU လိုလား
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG