သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပတလွှား အလုပ်သမား သပိတ်တွေ ပျံ့နှံ့


ဥရောပတလွှား အလုပ်သမား သပိတ်တွေ ပျံ့နှံ့

ဥရောပတလွှားမှာ ဗုဒ္ဓဟူးနေ့က အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ အကြွေးတွေ များပြားလာတာကို လျှော့ချဖို့ ရည်ရွယ်ပြီး အစိုးရက ချွေတာရေး ကျင့်သုံးဆောင်ရွက်မယ့် အစီအစဉ်တွေကို ကန့်ကွက်တဲ့အနေနဲ့ ဆရာဝန်တွေ၊ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေ၊ ကျောင်းဆရာတွေနဲ့ ၀န်ထမ်း ဗျူရိုကရက်တွေက ဆန္ဒပြ ချီတက်နေကြပါတယ်။

ဥရောပသမဂ္ဂ (EU) ဌာနချုပ်ရှိရာ ဘရပ်ဆဲမြို့ထဲကို သောင်းချီတဲ့ ဆန္ဒပြသူတွေ ၀င်ရောက်လာခဲ့ကြပြီး ဘရပ်ဆဲ ရဲတပ်ဖွဲ့က လုံခြုံရေး အထပ်ထပ် ချထားရပါတယ်။ လူမှုဖူလုံရေး အစီအစဉ်တွေနဲ့ အကြွေးတင်နေကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို သတ်မှတ်အကြွေးထက် ကျော်လွန်ရင် အပြစ်ပေးမယ့် အဆိုပြုချက်တရပ်ကို EU ကော်မရှင်က စဉ်းစားနေပါတယ်။

စပိန်နိုင်ငံမှာတော့ အလုပ်သမား ၂,၀၀၀,၀၀၀ ကျော်က အထွေထွေ သပိတ်ကြီးကို ဆင်နွှဲလိုက်ပါပြီ။ ဒါကြောင့် ခရီးသွားလာမှုတွေ ကျပ်သွားပြီး လေကြောင်းခရီးတွေလည်း ရပ်လုနီးနီး ဖြစ်သွားပါတယ်။

လူတွေက အလုပ်ကို လမ်းလျှောက်သွားနေကြတာကို ရုပ်မြင်သံကြားက ပြသပါတယ်။ ဘာစီလိုနာမြို့ကြီးဟာလည်း ဆိုင်တွေ၊ လုပ်ငန်းတွေ ပိတ်သွားပြီး ငြိမ်သက်နေပါတယ်။

ဂရိနဲ့ အိုင်ယာလန်မှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG