သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပသမဂ္ဂထိပ်တန်းရာထူးတွေ ခန့်အပ်ဖို့ အီးယူခေါင်းဆောင်တွေ ပြင်ဆင်


နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ အီးယူ ဥရောပသမဂ္ဂမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အီးယူလွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် အခု ဥရောပခေါင်းဆောင်တွေဟာ သူတို့နှစ်သက်တဲ့ သူကို အီးယူရဲ့ ထိပ်တန်းရာထူးတွေအတွက် ရွေးချယ်ဖို့ လုပ်နေကြပါတယ်။ ဒါပေမယ့် ကော်မရှင်ဥက္ကဌ ရွေးချယ်ရေးမှာတော့ သဘောထား မတိုက်ဆိုင်ပဲ ဖြစ်နေကြပါတယ်။

လက်ရှိ အီးယူကော်မရှင်ဥက္ကဌ Jean-Claude Juncker ရဲ့ သက်တမ်းဟာ အောက်တိုဘာလမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပမှာ စီးပွါးရေးအင်အားကြီးဖြစ်တဲ့ ဂျာမဏီနဲ့ ပြင်သစ် ၂ နိုင်ငံထဲက ဘယ်သူ့ကို ရွေးချယ်မယ် ဆိုတာကို မဆုံးဖြတ်နိုင်သေးပါဘူး။ ရွေးချယ်မယ့် သူကို အီးယူ ပါလီမန် ဇူလိုင်လထဲ ပြန်စတဲ့ အခါမှာ လွှတ်တော်အမတ် ၇၅၁ ယောက်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကတော့ ဂျာမဏီနိုင်ငံသား Manfred Weber ကို ရွေးချယ်ချင်သူပါ။ Weber ဟာ ၂၀၁၄ ခုနှစ်ကတည်းက စပြီး အီးယူပါလီမန်မှာ အကြီးဆုံးအဖွဲ့ဖြစ်တဲ့ ကွန်ဆာဗေးတစ် ဥရောပ ပြည်သူ့ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကတော့ ဂျာမဏီအစိုးရအဖွဲ့မှာ တာဝန် မထမ်းဆောင်ဖူးတဲ့ Weber ကို သဘောမကျပဲ ဒိန်းမတ်နိုင်ငံက Margrethe Vestager နဲ့ ပြင်သစ်နိုင်ငံသား Michael Barnier တို့ ၂ ဦးထဲက တဦးကို အီးယူကော်မရှင် ဥက္ကဌအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာပါ။

စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း သူတို့လို ဆိုရှယ်လစ်ဝါဒီဖြစ်တဲ့ ဒတ်ချ် လူမျိုး Frans Timmermans ကို သဘောကျ ကြောင်းနဲ့ သူဟာ အရည်အချင်းရှိသလို အတွေ့အကြုံလည်း ရင့်ကျက်တယ်လို့ ပြောပါတယ်။

ဥရောပ ခေါင်းဆောင်တွေဟာ အီးယူရဲ့ နိုင်ငံရေးကို အကောင်ထည်ဖေါ်တဲ့ ဥရောပ ကောင်စီ အကြီးအကဲ ရာထူးကိုလည်း ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ ဥရောပကောင်စီအကြီးအကဲ ကတော့ ပိုလန်နိုင်ငံသား Donald Tusk ပါ။ ဒါ့အပြင် အီတလီနိုင်ငံသား Mario Draghi ဦးဆောင်နေတဲ့ ဥရောပ ဗဟိုဘဏ်နဲ့ အီတလီနိုင်ငံက Federica Mogherini ဦးဆောင်နေတဲ့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ရာထူးတွေကိုလည်း ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂထိပ်တန်းရာထူးတွေခန့်အပ်ဖို့ အီးယူခေါင်းဆောင်တွေ ပြင်ဆင်
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG