သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ပါလီမန်ဥက္ကဋ္ဌ မဲပေး ရွေးချယ်


EU ဥရောပပါလီမန် ဥက္ကဋ္ဌသစ်အဖြစ် အီတလီက သတင်းသမားဟောင်း David Sassoli ကို ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာ EU အမတ်တွေ မဲခွဲ ရွေးချယ်လိုက်ကြပါတယ်။

ပါလီမန်ဥက္ကဋ္ဌရွေးချယ်မဲပေးပွဲကို ဒီနေ့ ဗုဒ္ဓဟူးနေ့တနေ့လုံး အဆင့်ဆင့် လုပ်သွားကြတာပါ။ အင်္ဂါနေ့တုန်းကတော့ ဥရောပကော်မရှင် ဥက္ကဋ္ဌ တာဝန်အတွက် ဂျာမနီကာကွယ်ရေးဝန်ကြီး Ursula von der Leyen ကို ပဏာမ ရွေးချယ်ခဲ့ကြပါတယ်။

EU ဥရောပသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးတာဝန်အတွက် အမျိုးသမီး တဦးကို ပထမဆုံး ရွေးချယ်လျာထားတာ ဖြစ်ပါတယ်။ သူ့ကို လာမယ့်သီတင်း ၂ ပါတ်အကြာကျရင် ဥရောပပါလီမာန်မှာ အတည်ပြု မပြု မဲခွဲမှာဖြစ်ပြီး၊ လွှတ်တော်အမတ် ၇၅၁ ယောက်ရှိတဲ့ ပါလီမာန်မှာ အားလုံးနီးပါးရဲ့ ထောက်ခံမှုရဖို့ လိုအပ်ပါတယ်။

တကယ်လို့ အတည်ပြုခဲ့ရင် တာဝန်သက်တမ်းကုန်တော့မယ့် လက်ရှိ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker နေရာမှာ အစားထိုး တာဝန်ယူရမှာဖြစ်ပါတယ်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk နေရာမှာ အစားထိုးဖို့အတွက်တော့ Belgium က Charles Michel ကို EU ခေါင်းဆောင်တွေ ရွေးချယ်ခန့်အပ်ခဲ့ကြပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF လက်ရှိအကြီးအကဲ ပြင်သစ်က Christine Lagarde ကိုတော့ ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌရာထားနေရာအတွက် ရွေးချယ်အဆိုပြုထားပါတယ်။

EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲနေရာအတွက်လည်း စပိန်က Josep Borrell ကိုရွေးချယ်ထားကြပါတယ်။

ဥရောပ ပါလီမန်ဥက္ကဋ္ဌ မဲပေး ရွေးချယ်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG