သုံးရလွယ်ကူစေသည့် Link များ

ရွှေ့ပြောင်းအခြေချသူတွေ စီးနင်းလာတဲ့ စက်လှေတွေဟာ တူရကီကမ်းရိုးတန်း အလွန်မှာ လှိုင်းဒဏ်ကြောင့် နစ်မြုပ်သွားခဲ့ကြပြီး ကလေးငယ် အလောင်းတွေ တော်တော်များများ အပါဝင် အနည်းဆုံးအလောင်း ၃၆ လောင်းကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဒီစက်လှေတွေဟာ ဂရိနိုင်ငံ Lesbos ကျွန်းကို သွားရောက်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတွေကပြောဆိုသလို မီဒီယာသတင်းတွေမှာလည်း ဖော်ပြကြပါတယ်။ တခြား ရွှေ့ပြောင်းအခြေချဖို့ သွားရောက်သူ ၁၂ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။

လေတိုက်နှုန်းပြင်းတဲ့ ရာသီဥတုအခြေအနေအတွင်း စက်လှေပေါင်း ဘယ်နှစ်စင်း နစ်မြုပ်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သီးခြားစီဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွင်း အနည်းဆုံး စက်လှေ ၂ စင်း နစ်မြုပ်ခဲ့တယ်လို့ Dogan သတင်းဌာနက ပြောပါတယ်။

အနည်းဆုံး ၂ ဒါဇင်လောက်ရှိတဲ့ ရုပ်အလောင်းတွေကို Ayvalik ဒေသရဲ့ ကမ်းရိုးတန်းတလျှောက်မှာ တွေ့ရှိခဲ့ရပြီး ကျန်အလောင်းတွေကိုတော့ Ayvalik ရဲ့ တောင်ဘက် ကီလိုမီတာ ၅၀ အကွာအဝေးမှာရှိတဲ့ Dikili အပန်းဖြေကမ်းခြေတ၀ိုက်မှာ လာတင်နေတာကို တွေ့ခဲ့ရပါတယ်။ နယ်စပ်ကို ဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ထွက်ခွာနေတာကို ရပ်တန့်သွားစေဖို့ တူရကီနိုင်ငံအနေနဲ့ လုပ်ဆောင်ပေးဖို့နဲ့ အပြန်အလှန်အားဖြင့် တူရကီကို ငွေရေးကြေးရေး အကူညီပေးမယ်လို့ EU ဥရောပသမဂ္ဂက တိုက်တွန်းနေချိန်မှာ Aegean ပင်လယ်ပြင်အတွင်း ၂၀၁၆ ခုနှစ်ထဲ သေဆုံးမှုများပြားတဲ့ ကြေကွဲစရာ အဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG