သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး အစီအစဉ်သစ် EU အဖွဲ့ဝင်တချို့ကန့်ကွက်


ဆယ်စုှနှစ်တွေအတွင်း အဆိုးရွားဆုံး ဒုက္ခသည်ပြဿနာကို ရရာနည်းလမ်းနဲ့ ဖြေရှင်းမှုအဖြစ် အကဲခတ်တွေက ရှုမြင်ကြတဲ့ အစီအစဉ်တရပ်ကို ဥရောပကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ထဲမှာ - သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဒုက္ခသည်အရေအတွက်ကို လက်ခံဖို့၊ ဒါမှမဟုတ် ဒဏ်ကြေးပေးရမယ်ဆိုတဲ့ သဘောမျိုးပါဝင်တဲ့ “မျှတတဲ့လုပ်ငန်းစဉ်” ဆိုတာကိုလည်း ထည့်သွင်းထားပါတယ်။ ဒုက္ခသည်တွေကို အဖွဲ့ဝင်နိုင်ငံတွေက ခွဲဝေလက်ခံဖို့ EU ဥရောပသမဂ္ဂရဲ့ အရင်က တောင်းဆိုချက်တွေကို လက်မခံကြတဲ့ အလယ်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဒီအစီအစဉ်ကို ချက်ခြင်းဆိုသလို ဆန့်ကျင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ်ထဲ ၁ သန်းလောက်အထိ ရှိခဲ့တဲ့ ဒုက္ခသည်တွေကို အဖွဲ့ဝင်တနိုင်ငံချင်းစီက မျှဝေလက်ခံဖို့၊ EU ရဲ့ ခိုလှုံခွင့်လျှောက်ထားတဲ့စနစ်ကို ပြန်လည်ပြင်ဆင်ဖို့ စီစဉ်ခဲ့တာလို့လည်း EU ကော်မရှင်တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

တူရကီနိုင်ငံသားတွေ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ခရီးသွားလာခွင့်အပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ အပါအဝင် ဥရောပကော်မရှင်ရဲ့ အဆိုပြုချက် တွေကို ဥရောပပါလီမန်က ဇွန်လထဲမှာ မဲခွဲဆုံးဖြတ်ရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG