သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Balkan ပြဿနာ ပြန်မဖြစ်ရေး ဂျာမန်သတိပေး


ဥရောပတိုက်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ ပဋိပက္ခကြောင့် သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေရာကနေ အရင် ယူဂိုဆလားဗီးယားက ခွဲထွက်လာတဲ့ နိုင်ငံတွေအကြား ပဋိပက္ခအသစ်တွေ မဖြစ်ပေါ်အောင် ထိန်းသိမ်းထားကြဖို့ လိုအပ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောကြားလိုက်ပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေ ပဋိပက္ခကတဆင့် Balkan ဒေသမှာ ပဋိပက္ခအသစ်တွေ ဖြစ်မလာအောင် ဥရောပတိုက်အနေနဲ့ ကြိုးစား ဆောင်ရွက်သင့်တယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ပြောပါတယ်။

အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအရေးကို ဥရောပသမဂ္ဂအနေနဲ့ ခိုင်မာစွာ ရေရှည် ပူးပေါင်း ဆောင်ရွက်ရမယ့် ပဋိပက္ခဖြစ်တယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Timo Soini ကလည်း ပြောပါတယ်။

ဒီအတောအတွင်း - အရှေ့အလယ်ပိုင်းနဲ့ အရှေ့အာဖရိကတိုက်က ရွေ့ပြောင်းဒုက္ခသည်တွေ အနောက်ပိုင်း Balkan ဒေသကို အလုံးအရင်းနဲ့ ဆက်လက် ဝင်ရောက်လာနေတဲ့ ကိစ္စကို ဆွေးနွေးဖို့အတွက် အီးယူနဲ့ Balkan နိုင်ငံတွေက ခေါင်းဆောင်တွေကို ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker က အရေးပေါ်အစည်းအဝေး ခေါ်ယူထားပါတယ်။

ထောင်ပေါင်းများစွာသော ခိုလှုံခွင့် လျှောက်ထားသူတွေဟာ Croatia ကတဆင့် Slovania နိုင်ငံထဲကို ပြီးခဲ့တဲ့ စနေနေ့ကတည်း ဆက်တိုက် ဝင်ရောက်လာနေကြတဲ့အတွက် တိုင်းပြည်တောင်းပိုင်းဒေသမှာ ရွေ့ပြောင်းဒုက္ခသည်တွေအရေးကို မလွဲ မရှောင်သာ ကိုင်တွယ် ဖြေရှင်းနေရပါတယ်။

XS
SM
MD
LG