သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ စီးဝင်လာမှုဒဏ် Serbia မခံနိုင်


ဥရောပတိုက်အတွင်း အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ ရွေ့ပြောင်းဒုက္ခသည်တွေကို သူ့နိုင်ငံထဲ ဝင်လာလို့ မရအောင် ဟန်ဂေရီနိုင်ငံက နယ်စပ်ဂိတ်ကို ပိတ်လိုက်တဲ့အတွက် ဟန်ဂေရီနယ်စပ်မှာ ရှိနေကြတဲ့ အဲဒီဒုက္ခသည်တွေကို သူတို့အနေနဲ့ ကိုင်တွယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ဆားဘီးယားနိုင်ငံက ပြောပါတယ်။

ဆားဘီးယားနိုင်ငံဟာ အဟောင်းအနွမ်းတွေကို စုပြုံလက်ခံတဲ့ နိုင်ငံမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Ivica Dacic က အင်္ဂါနေ့မှာ ပြောပါတယ်။ အထူးသဖြင့်တော့ ဂရိနဲ့ မာစီဒိုးနီးယား နိုင်ငံတွေဘက်ကနေ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထပ်ရောက် လာနေတာကြောင့် ဒုက္ခသည်တွေ ဆားဘီးယားနိုင်ငံထဲကို ပြန်လာနေကြတာဟာ လက်ခံနိုင်စရာ ကိစ္စမဟုတ်ဘူးလို့ သူက ပြောပါတယ်။

အသစ်ထုတ်ပြန်လိုက်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေအရ တိုင်းပြည်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ပြောပါတယ်။

အခုချိန်ထိတော့ လူပေါင်း ၁၇၅ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံအတွင်း ခွင့်ပြုချက်မပါဘဲ ဝင်ရောက်လာသူတွေအနေနဲ့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ပါတယ်။

ဆားဘီးယားနိုင်ငံဘက်က ဒုက္ခသည်တွေကို ထိရောက်စွာ တားဆီးခြင်း မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆားဘီးယားနယ်စပ်မှာရှိတဲ့ တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ် ၂ ခုကို ဟန်ဂေရီအရာရှိတွေက အင်္ဂါနေ့ အစောပိုင်းက ပိတ်ပစ်ခဲ့ပါတယ်။

XS
SM
MD
LG