သုံးရလွယ်ကူစေသည့် Link များ

ထောင်နဲ့ချီတဲ့ ဆီးရီးယားနဲ့ အခြားနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဗုဒ္ဓဟူးနေ့က မက်ဆီဒိုးနီးယားနိုင်ငံဘက်က နယ်စပ်ကို ပိတ်ထားလိုက်တဲ့အတွက် ဥရောပမြောက်ပိုင်းကို ဆက်သွားလို့ မရတော့ဘဲ၊ အခုအချိန်မှာ ဂရိနိုင်ငံမှာ သောင်တင်နေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ဆလိုဗေးနီးယား၊ ခရိုအေးရှားနဲ့ ဆာဘီးယားနိုင်ငံတွေက နိုင်ငံနယ်စပ်တွေကို ပိတ်ပြီး၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူအချို့ကလွဲရင် ဖြတ်သန်းသွားတဲ့ ရွှေ့ပြောင်းနေထိုင်သူ အားလုံးကို ၀င်ခွင့်ပိတ်ပင်ထားလိုက်ပြီးတဲ့နောက် ၁ ရက်အကြာမှာ မက်ဆီဒိုးနီးယား ရဲတွေက နယ်စပ်ကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

အခုလို နယ်စပ်တွေကို ပိတ်ထားလိုက်တာကြောင့် ရွှေ့ပြောင်းနေထိုင်သူ အများပြားဟာ ဥရောပ အနောက်ပိုင်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဆီကို သွားရောက်ကြတဲ့ ဘော်လ်ကန် လမ်းကြောင်းလို့ ခေါ်တဲ့ လမ်းကြောင်းဟာ ပိတ်သွားပြီဖြစ်ပါတယ်။

အခုလို ဘော်လ်ကန်နိုင်ငံတွေက နယ်စပ်တွေကို ပိတ်ထားလိုက်ပေမဲ့ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ဘော်လ်ကန်နိုင်ငံတွေကို ကျော်လွန်ပြီး၊ အခြား အီးယူနိုင်ငံတွေထဲ ရောက်နှင့်ပြီး ဖြစ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ အမြောက်အများကို ကိုင်တွယ်နိုင်ဖို့ ဖိအားပေး ခံနေရပါတယ်။ တူရကီနိုင်ငံမှာဆိုရင် ရွှေ့ပြောင်းနေထိုင်သူ ၂.၇ သန်းလောက် ရောက်ရှိနေပြီး၊ ဆက်လက် ခရီးထွက်ခွာဖို့ စောင့်ဆိုင်းနေကြပါတယ်။

XS
SM
MD
LG