သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်
EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ဟာ နေပြည်တော်ကို ဒီနေ့ ရောက်ရှိနေပါတယ်။

မစ္စတာ ကူးပါးနဲ့ မစ္စတာ ဖက်ဆီနိုတို့ဟာ မြန်မာအစိုးရသစ် တက်လာပြီး EU ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တာဖြစ်ပြီး မြန်မာအာဏာပိုင် အသစ်တွေရဲ့ သဘောထားကို တီးခေါက်နိုင်အောင်၊ နားလည် သိရှိနိုင်အောင် တွေ့ဆုံမှာ ဖြစ်တယ်လို့ EU ဥရောပသမဂ္ဂ သံတမန် သတင်းရပ်ကွက်က ပြောပါတယ်။

မစ္စတာ ဖက်ဆီနိုဟာ မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

This item is part of
XS
SM
MD
LG