သုံးရလွယ်ကူစေသည့် Link များ

လေယာဉ်ခရီးသည်တွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ EU ဥရောပသမဂ္ဂနိုင်ငံတွေကြား မျှဝေကြဖို့ EU ပြည်ထဲရေး ဝန်ကြီးတွေကြား သဘောတူ ခဲ့ကြပါတယ် ၊နှစ်နဲ့ချီကြာအောင် ဆွေးနွေးလာခဲ့တဲ့ ဒီကိစ္စ ကို EU ကောင်စီ မှာ ဒီဇင်ဘာ ၄ရက် သောကြာနေ့ က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှု တန်ပြန်ရေးမှာ ပိုပြီး ထိရောက်စေဖို့ EU အဖွဲ့ဝင် ၂၈ နိုင်ငံကြား ပျံသန်း သွားလာတဲ့ လေယာဉ်ခရီးစဉ်တွေ၊ EU နိုင်ငံတွေဆီကို ပျံသန်း လာတဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ EU နိုင်ငံတွေကနေ ထွက်ခွာ သွားတဲ့ လေယာဉ် ခရီးစဉ်တွေအားလုံးက ခရီးသည်တွေနဲ့ သက်ဆိုင် တဲ့ အချက်အလက်တွေကို မျှဝေကြရမှာဖြစ်ပါတယ်။

သဘောတူခဲ့တဲ့ PNR စနစ်အရ ခရီးသည်ရဲ့နာမည်၊ ဆက်သွယ်နိုင်မဲ့လိပ်စာနဲ့
ဘဏ်ကဒ်၊ အကြွေးဝယ် Credit ကဒ်ပြားနံပါတ်စတဲ့ အသေးစိတ်အချက်တွေကို
သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ညွှန်ကြားချက်အသစ်အရ EU နိုင်ငံတွေကို အဝင်အထွက်လုပ်နေတဲ့
လေကြောင်းလိုင်းတွေအနေနဲ့လဲ ခရီးသည်တွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို EU တာဝန်ရှိသူတွေကို မပျက် မကွက် ပေးရမှာဖြစ်တယ်လို့ EU ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလိုမျှဝေတဲ့ ခရီးသည်အချက်အလက်တွေ မပေါက်ကြားစေဖို့ ကြပ်ကြပ်မတ်မတ် ကာကွယ်သွားမှာဖြစ်တယ်လို့လဲ EU ကပြောပါတယ်၊ ပြင်သစ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ခုလို လေယာဉ်ခရီးသည်
အချက်အလက်တွေ မျှဝေနိုင်ရေး အတွက် ပြင်သစ်နဲ့ တခြား EU နိုင်ငံတွေက
အရှိန်မြှင့်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG