သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဘက်နဲ့ရဲဘက် အရာရှိ ၇ ဦးကို ဥရောပ ဒဏ်ခတ်အရေးယူ


 မြန်မာစစ်ဘက်နဲ့ရဲဘက် အရာရှိ ၇ ဦးကို ဥရောပ ဒဏ်ခတ်အရေးယူကြောင်း The Wall Street ဂျာနယ်ပါ ဆောင်းပါး
မြန်မာစစ်ဘက်နဲ့ရဲဘက် အရာရှိ ၇ ဦးကို ဥရောပ ဒဏ်ခတ်အရေးယူကြောင်း The Wall Street ဂျာနယ်ပါ ဆောင်းပါး

ရိုဟင်ဂျာမူဆလင်တွေကို အစုလိုက်အပြုံလိုက် တဘက်နိုင်ငံ ဘင်္ဂလားဒေ့ချ် ဘက် ထွက်ပြေး ရအောင် လုပ်ဆောင်ခဲ့မှုနဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိ စုစုပေါင်း ၇ ဦးကို အရေးယူဒဏ်ခတ်ဖို့ ဥရောပ သမဂ္ဂကနေ စီစဉ်လိုက်ပြီလို့ ဇွန်လ ၂၂ ရက်နေ့ထုတ် The Wall Street Journal မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့နာမည်ကို အသိအမှတ်မပြုတဲ့ မြန်မာအစိုးရရဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ခတ်တဲ့ဆောင်ရွက်မှုတွေကို ဥရောပသမဂ္ဂ အဖွဲ့ ခေါင်းဆောင်တွေက အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ပြမယ့် သဘောပဲလို့ သံတမန်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖေါ်ပြထားတာပါ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လတုန်းက မြန်မာနိုင်ငံကို လက်နက်ရောင်းချရေးပိတ်ပင်မှုကို EU အဖွဲ့က သက်တမ်း ထပ် တိုး ခဲ့တာရဲ့ နောက်ဆက်တွဲလုပ်ရပ်အနေနဲ့ အခုလုံခြုံရေးအရာရှိ ၇ ဦးကို အရေးယူ ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကို တနင်္လာနေ့မနက် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေ Luxembourg နိုင်ငံမှာ ဆုံတွေ့ကြ တဲ့အခါ တရားဝင်ချမှတ်လိမ့်မယ်လို့မျှော်လင့် ရပါတယ်။ အခုပစ်ဒဏ်ခတ်ခံရမယ့်သူတွေက ဘယ်သူတွေလဲ ဆိုတာတော့ မသိရသေးပါဘူး။

မြန်မာစစ်ဘက်နဲ့ရဲဘက် အရာရှိ ၇ ဦးကို ဥရောပ ဒဏ်ခတ်အရေးယူ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG