သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့် ၇ ဦး EU ဒဏ်ခတ်


EU logo
EU logo

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ အရပ်သားတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတေ ွကျူးလွန်ခဲ့မှုနဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တာဝန်ရှိသူ ၇ ယောက်ကို EU ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့လိုက်ပါတယ်။

ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်သလို ပြည်ဝင်ခွင့်ပိတ်ပင်တာအပါအဝင် အရေးယူမှုတွေချမှတ်လိုက်တယ်လို့ ဥရောပကောင်စီက ဒီကနေ့ကြေညာလိုက်တာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တေ့ွရှိချက်အစီရင်ခံစာနဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက လူ့ အခွင့်အရေး ကျူးလွန်မှုဆိုင်ရာ တခြားအစီရင်ခံစာတွေအပေါ် မူတည်ပြီး ခုလိုအရေးယူခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပိတ်ဆို့ ဒဏ်ခတ်ခံရသူတွေထဲမှာ တပ်မ ၉၉ တပ်မှူး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် ခင်လှိုင်၊ တပ်မ ၃၃ ဗိုလ်မှူး အောင်မျိုးသူ၊ ခလရ ၅၆၄ က ဗိုလ်မှူး သန့်ဇော်ဝင်း၊ တပ်ကြပ်ကြီး ဘကျော်၊ တောင်ဘဇား အခြေစိုက် နယ်ခြား စောင့်တပ်မှူး ထွန်းနိုင်၊ စေတီပြင် အခြေစိုက် နယ်ခြားစောင့်တပ်က တပ်ကြပ် ကျော်ချေနဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် ညီညီဆွေတို့ပါဝင်ပါတယ်။

အခုအရေးယူလိုက်တဲ့အတွက် EU က မြန်မာလုံခြုံရေးတာဝန်ရှိသူတွေကို အရေးယူခဲ့တာ စုစုပေါင်း ၁၄ ယောက်ရှိသွားပါပြီ။ ရိုဟင်ဂျာ မွတ်ဆလင်သိန်းနဲ့ချီ Bangladesh နိုင်ငံဘက်ထွက်ပြေးရလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုတဲ့ စစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိ ၇ ယောက်ကို ဂျွန်လတုန်းက ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ခဲ့တုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့မြန်မာအစိုးရကတော့ လူ့အခွင့်အရေး စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေး နေတယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG