သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Georgia, Moldova နဲ့ ယူကရိန်းတို့ EUနဲ့ အကောက်ခွန်မဲ့ ကုန်သွယ်ရေး လက်မှတ်ထိုး


ယူကရိန်း သမ္မတ EU နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရ (ဇွန် ၂၇၊ ၂၀၁၄)
ယူကရိန်း သမ္မတ EU နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရ (ဇွန် ၂၇၊ ၂၀၁၄)

Georgia, Moldova နဲ့ ယူကရိန်းနိုင်ငံတွေဟာ အီးယူ - ဥရောပသမဂ္ဂနဲ့ အကောက်ခွန်မဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို သောကြာနေ့က လက်မှတ်ရေးထိုးလိုက်ကြပြီ ဖြစ်ပါတယ်။ အီးယူရဲ့ စံချိန် စံနှုန်းတွေနဲ့ ပြည့်မှီသ၍ ဒီ ၃ နိုင်ငံအနေနဲ့ အကျိုးအမြတ် အများအပြား ရရနိုင်မယ့် အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံစလုံးနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရကြမှာ ဖြစ်ပါတယ်။

အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ဒီ ၃ နိုင်ငံအနေနဲ့ အီးယူနဲ့ နိုင်ငံရေးအရ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်သလို ရုရှားနိုင်ငံနဲ့ အလားတူ သဘောတူညီချက်မျိုး လက်မှတ်ရေးထိုးခွင့် ရှိမှာမဟုတ်ပါဘူး။ သူတို့အဆိုအရ စီးပွားရေးအရ ကျူးကျော် ရန်စမှုလို့ ဆိုတဲ့ ဒီသဘောတူညီမှု အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်နိုင်တယ်ဆိုပြီး ရုရှားက သတိပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ဟာ ဥရောတိုက် တခုတည်းဖြစ်ရေး၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုတွေအတွက် ရှေ့ခြေတလှမ်းတိုး လိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

တခြား ဖြစ်ပေါ်မှုတခုမှာတော့ - Luxembourg ဝန်ကြီးချုပ်ဟောင်း Jean-Claude Juncker ကို ဥရောပကော်မရှင်အကြီးကဲအဖြစ် အီးယူခေါင်းဆောင်တွေက ရွေးချယ် လိုက်ကြပါတယ်။ Jean-Claude Juncker ဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားသူဖြစ်တဲ့အပြင် ဥရောပ ပါလီမန်ရဲ့လုပ်ငန်းတွေ လျော့ပေါ့ သွားစေနိုင်တယ်ဆိုပြီး အဲ့ဒီ ရွေးချယ်မှုကို ဗြိတိန်က ကန့်ကွက်လိုက်ပါတယ်။

XS
SM
MD
LG