သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် စစ်ဘေးရှောင်တွေအရေး EU စိုးရိမ်


တောထဲပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ ဘေးလွတ်ရာကို တိမ်းရှောင်လာကြစဉ်
တောထဲပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ ဘေးလွတ်ရာကို တိမ်းရှောင်လာကြစဉ်

ကချင်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ချက်ချင်းရပ်တန့်ဖို့ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ပဋိပက္ခဒေသတွေက အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့ အတွက် တိုက်ပွဲတွေနဲ့ ထိုးစစ်တွေကို ချက်ချင်းရပ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက မေလ (၁၆) နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ပဋိပက္ခဒေသက အရပ်သားတွေဆီကို စာနာမှု အကူအညီတွေအမြန်ဆုံးနဲ့ လွတ်လွတ်လပ်လပ် ရောက်ရှိဖို့ ဆောင်ရွက်ဖို့ကိုလည်း ဖေါ်ပြထားပါတယ်။ ဒါအပြင် ညှိုနှိုင်းဆွေးနွေးမှုဖြင့်သာ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရနိုင်မှာဖြစ်သလို လွတ်လပ်စွာဖေါ်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးပြီး ငြိမ်းချမ်းရေး ဆန္ဒဖေါ်ထုတ်တာတွေကို ဒဏ်ခတ်အရေးမယူသင့်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။ အလားတူစွာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဒီပဋိပက္ခနဲ့ ပတ်သက်လို့ များစွာစိုးရိမ်ပူပန်ကြောင်း မေလ ၁၄ ရက်နေ့တုန်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခသည်တွေ အားလုံးကို စာနာမှုအကူအညီရောက်ရှစေဖို့ ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG