သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အပေါ် အရေးယူမှု အီးယူ တစ်နှစ် ရပ်ဆိုင်းမည်


မြန်မာ နိုင်ငံမှာ အခုနှစ်ပိုင်းတွေ အတွင်းမှာ တွေ့မြင်နေရတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ကြောင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ထားမှု အများစု ကို ဖယ်ရှားပေးဖို့ ပဏာမ သဘောတူညီချက် ရရှိခဲ့ပြီ လို့ အီးယူ ဥရောပ သမဂ္ဂ အရာရှိတွေ ကပြောပါတယ်။

မြန်မာနိုင်ငံ အပေါ်မှာ အရေးယူ ပိတ်ဆို့ထားတာမှာ လက်နက်ရောင်းဝယ်ခွင့် မပြုတာက လွဲရင် ကျန်တာတွေ ကို ယာယီ ရပ်စဲထားဖို့ ရှိတယ်လို့ ဥရောပသမဂ္ဂ အရာရှိ တော်တော်များများက ကြာသပတေး နေ့မှာ ပြောသွားတာပါ။

လူဇင်ဘတ် နိုင်ငံမှာ တနင်္လာနေ့မှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်ချက် ချမယ် လို့ ယူဆရပါတယ်။ အီးယူ က အရေးယူ ပိတ်ဆို့မှုတွေ ကို တစ်နှစ်တာ ရပ်စဲပေးထားမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အရပ်သား အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး တွေကို ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ ထောက်ခံအားပေးတဲ့ သဘောနဲ့ အခုလိုမျိုး ဆုံးဖြတ်တာ ဖြစ်တယ် လို့ အရာ ရှိတွေ က ပြောကြပါတယ်။

XS
SM
MD
LG